Tuesday, March 29, 2016

ကျေးလက်နေပြည်သူများ အသိပညာ တိုးတက်မြင့်မားစေရန် ဘုတလင် မြို့နယ် လေးမြေကျေးရွာတွင် ခေတ်သစ်ကြေးမုံ စာကြည့်တိုက်ဖွင့်လှစ်

The Mirror Daily's photo.
မုံရွာ မတ် ၂၈
ကျေးလက်နေ ပြည်သူများ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေပြီး စာပေထဲမှ အသိပညာ၊ ဗဟုသုတ များရရှိစေရန် ရည်ရွယ်၍ မုံရွာခရိုင် ဘုတလင်
မြို့နယ် လေးမြေကျေးရွာတွင် မတ် ၂၂ ရက် နံနက် ၁ဝ နာရီက 'ခေတ်သစ်ကြေးမုံ' စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်နိုင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဆောင်တို့က ဖဲကြိုး ဖြတ်၍လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက 'ခေတ်သစ်ကြေးမုံ' စာကြည့်တိုက် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍လည်းကောင်း ဖွင့် လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့်နှင့် တိုင်းပြန်/ဆက်ဦးစီးမှူး ဦးဝင်းမြိုင်တို့က ကျေးရွာစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးထံ စာအုပ်၊ စာစောင်များ ထောက်ပံ့ပေးအပ်ကြပြီး အဆိုပါ စာကြည့်တိုက် အဆောက်အအုံသစ်ရှေ့တွင် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကာ တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း ကျေးရွာပြည်သူများ စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
လေးမြေစာကြည့်တိုက် အဆောက်အအုံသစ်သည် အလျား ပေ ၃ဝ၊ အနံ ၁၄ ပေ၊ အမြင့် ၁၂ ပေရှိ နံကပ် သွပ်မိုး သမံတလင်းခင်း တစ်ထပ် အဆောက်
အအုံဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆင်းရဲမှု လျှော့ချရေးရန်ပုံငွေကျပ် ၁ဝ သိန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၂ဝ ကျော် စုစုပေါင်း ငွေကျပ်
သိန်း ၃ဝ ကျော် အကုန်အကျခံဆောက်လုပ်ခဲ့သည်။
အဆိုပါ စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်၊ စာစောင်ပေါင်း ၁ဝ၈၃ အုပ်ဖြင့် ကျေးရွာနေပြည်သူများအား စနေ၊ တနင်္ဂနွေ ပိတ်ရက်မှအပ တစ်ပတ်လျှင် ငါးရက် နေ့စဉ်ပုံမှန် ဖွင့်လှစ်ငှားရမ်း
ပေးလျက်ရှိကြောင်း သိရသည်။
(တိုင်းပြန်/ဆက်)

No comments:

Post a Comment