Wednesday, March 30, 2016

တီးတိန်မြို့နယ် ချင်းတောင်ခြေ ခိုင်ကမ်းမြို့ဖွင့်ပွဲနှင့် ကျေးရွာချင်းဆက်တံတား နှစ်စင်းဖွင့်လှစ်




The Mirror Daily's photo.
တီးတိန် မတ် ၂၉

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန် မြို့နယ် ချင်းတောင်ခြေ ခိုင်ကမ်းမြို့နှင့် ဒေသတွင်းကျေးရွာချင်းဆက် တံတား နှစ်စင်းကို မတ် ၂၆ ရက် နံနက်ပိုင်းက ဖွင့်လှစ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ခိုင်ကမ်းမြို့ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ဦးစီးဌာန ၁၅ ခုနှင့် ရပ်ကွက်လေးခုတို့ဖြင့် ဖွဲ့စည်းထားပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တို့ဆက်သွယ် ထိစပ်လျက်ရှိသော ချင်းတောင်ခြေ ခိုင်ကမ်းမြို့၌ ဌာနဆိုင်ရာများ မြေနေရာချထားပေးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးရာ တီးတိန်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက မြေပုံကားချပ်များဖြင့် လိုက်လံရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် (၇၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးခွင့်ပြုရန်ပုံငွေကျပ်သန်း ၁ဝဝဖြင့် PCT ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ် သော အရှည်ပေ ၂၁ဝ၊ အကျယ် ၁ဝ ပေ(ခံနိုင်ဝန် ယာဉ်ငါးတန်၊ ကုန် ငါး တန်)ရှိ ခိုင်ကမ်း-မွာလ်ဇန်-ဟွဲချောင်းကားကူးကြိုးတံတားဖွင့်ပွဲအခမ်းအနား သို့လည်းကောင်း၊ နံနက် ၁ဝ နာရီတွင် အလားတူ (၇၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ခွင့်ပြုရန်ပုံငွေကျပ် ၇၅ သန်းဖြင့် Chin Hill Sun ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော ခိုင်ကမ်း-ပိန်းပိကြား-နမ်ထား ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း တက်ရောက်ပြီး တာဝန်ရှိသူများက အသီးသီးဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
(ဇိုဟေဆာ)

No comments:

Post a Comment