Wednesday, March 30, 2016

တာချီလိတ်-ကျိုင်းတုံသွားလမ်းပေါ်ရှိ ရန်ရှင်းကျေးရွာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းသေဆုံး

The Mirror Daily's photo.
တာချီလိတ် မတ် ၂၉
တာချီလိတ်မြို့နယ် မိုင်းကိုး ကျေးရွာအုပ်စု ရန်ရှင်းကျေးရွာအနီး တာချီလိတ် - ကျိုင်းတုံသွား လမ်းမ ပေါ်ရှိ မတ် ၂၈ ရက် ညနေ ၅ နာရီခွဲခန့်က Vigo အမျိုးအစား မော်တော်ယာဉ်တစ်စီး အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာ သည့် ခရီးသည်တင် မော်တော်ယာဉ် တစ်စီးအား ဝင်တိုက်မှုဖြစ်ပွားရာ Vigo ယာဉ်မောင်းနှင်လာသူမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာလေမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ တာချီလိတ် မြို့ မယ်ခေါင်ရပ်ကွက်နေ ဦးစိုင်း ခမ်းမတ် မောင်းနှင်လာသည့် Vigo အမျိုးအစားယာဉ်သည် အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးမြေသားအတိုင်း ပေ ၂ဝဝ ခန့် အရှိန်လွန်သွားခဲ့ပြီး လမ်းမပေါ်သို့ပြန်တက်စဉ် တစ်ဖက် ယာဉ်ကြောသို့ရောက်ရှိကာ တာချီ လိတ်မြို့ဘက်မှ တာလေမြို့ဘက်သို့ မလှိုင်မြို့နယ် ဆည်တိုကျေးရွာအုပ်စု ဆည်ကွဲကျေးရွာနေ ဦးကျော်မျိုးဟိန်း မောင်းနှင်လာသည့် 6F/--- Mitsubishi ROSA Bus အမျိုး အစား ခရီးသည်တင်မော်တော်ယာဉ် ၏ ရှေ့ခေါင်းဝဲဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူး အောင်ကိုကိုဦးစီးသည့် တပ်ဖွဲ့ ဝင်များက စစ်ဆေးရာ Vigo ယာဉ်မောင်း ဦးစိုင်းခမ်းမတ်မှာ အခင်းဖြစ်ပွားရာတွင် သေဆုံးပြီး ယာဉ်ပေါ်အတူပါလာသည့် ဒေါ်နန်း ပတ်မှာ နဖူးပွန်း၊ နှာခေါင်းယာဘက် ပေါက်ပြဲ၊ ဦးအိုက်အွပ်မှာ ဝဲပေါင် ကျိုးဒဏ်ရာနှင့် ဒေါ်နန်းနွန်းမှာ ယာနဖူးပေါက်ပြဲ၊ ဝဲခြေသလုံးပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။
ထို့အတူ ဦးကျော်မျိုးဟိန်း မောင်းနှင်လာသည့် (တာချီလိတ်-မိတ္ထီလာ)ခရီးသည်တင် မော်တော်ယာဉ်ပေါ် မှ ခရီးသည်များဖြစ်သည့် မပန်းအိ လှိုင်၊ မခင်မမ၊ မခင်ရတီထွန်း၊ ကိုရန်နိုင် နှင့် မဝါဝါစိုး (မစိုးရိမ်ရ) တို့ငါးဦးမှာ ဒဏ်ရာများအသီးသီး ရရှိခဲ့ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment