Tuesday, March 29, 2016

စိုက်ပျိုးရေး သုတေသနနှင့် ဓာတ်ခွဲပညာရှင်များက တောင်သူလူမှုဘ၀မြင့်မားရေးကူညီရန် ကြိုးပမ်း




 
 
 
နေပြည်တော် မတ် ၂၈

ဌာနအသီးသီးနှင့် ဓာတ်ခွဲခန်း များတွင် တာဝန်ထမ်းဆောင်နေ သော နိုင်ငံ့ဝန်ထမ်းပညာရှင်များအား နိုင်ငံ၏လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် သုတေသနနှင့် ဓာတ်ခွဲ ခန်းပညာရှင်များသည် မိမိတို့ ကျွမ်းကျင် တတ်မြောက်ထားသော ပညာရပ်များကို တောင်သူလယ် သမားများ လက်ဝယ်သို့ ထိထိ ရောက်ရောက် အသုံးပြုနိုင်ရေး အတွက် ပညာပေးခြင်း လုပ်ငန်း များအား ယခုထက်ပိုမို၍ တိုးတက် ကြိုးပမ်းလုပ်ဆောင်သွားရန် လိုအပ် ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်  မြို့နယ်ပေါင်း ၃၃ဝ ၊ ကျေးရွာပေါင်း ၆၄ဝဝဝ ကျော် ရှိသည့်အနက် မြို့နယ်တစ်မြို့နယ်ချင်းစီ၏ မြေ နမူနာများကိုရယူ၍ ဓာတ်ခွဲစမ်းသပ် ခြင်းများ ဆောင်ရွက်ပြီး စပါးသီးနှံ အပါအဝင် ဒေသအလိုက် စီးပွားဖြစ် စိုက်ပျိုးကြသော အဓိကသီးနှံအမယ် များ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး တို့အတွက် ဓာတ်ခွဲပညာရပ်ဆိုင်ရာ ကျယ်ပြန့်သော အသိပညာပေးရေး လုပ်ငန်းနှင့် ထိရောက်သော အသုံးချ လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က အထက် မြန်မာပြည်ဌာနအသီးသီး နှင့် ဓာတ်ခွဲခန်းပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးအုန်း သန်းတို့သည် ခေတ်မီအဆင်မြင့် သုတေသန ဓာတ်ခွဲခန်းများနှင့် တာဝန် ထမ်းဆောင်နေကြသော ဓာတ်ခွဲခန်းပညာရှင် ဝန်ထမ်းများ အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment