Tuesday, March 29, 2016

အရှေ့တရုတ်ပင်လယ် အငြင်းကျွန်းအနီး ဂျပန်က ရေဒါတပ်စခန်းသစ်ဖွင့်လှစ်




 


အိုကီနာဝါ မတ် ၂၈

တရုတ်နှင့်ဂျပန်တို့ အငြင်းပွားရာ ကျွန်းအုပ်စုအနီး အရှေ့တရုတ်ပင်လယ်၌ ဂျပန်နိုင်ငံက တနင်္လာနေ့တွင် ရေဒါစခန်းတစ်ခုကို ဖွင့်လှစ်လိုက်သည်။အဆိုပါ ကာကွယ်ရေးရေဒါတပ်စခန်းသစ်သည် အရှေ့တရုတ်ပင်လယ် ဂျပန်ကျွန်းစုအနောက်ပိုင်းယိုနာဂူနီကျွန်းပေါ်၌ တည်ရှိပြီး ဂျပန်အခေါ် သည်ကာကူး၊ တရုတ်အခေါ် ဒိုင်အောယုအငြင်းပွားကျွန်းစု၏ တောင်ဘက်မိုင် ၉ဝ အကွာ၌တည်ရှိသည်။
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော တောင်တရုတ်ပင်လယ်ကို ၄င်းတို့က အများစုပိုင်ဆိုင်သည်ဟု ပြောဆိုလျက်ရှိသည်။ ဂျပန်နိုင်ငံနှင့်လည်း အရှေ့တရုတ်ပင်လယ်တွင် အငြင်းပွားလျက်ရှိသည်။
အဆိုပါဂျပန်ကျွန်းသည် စတုရန်းမိုင် ၁၁ မိုင်ရှိပြီး လူဦးရေ ၁၅ဝဝ ခန့် နေထိုင်လျက်ရှိရာ ကျွဲ၊ နွားများမွေးမြူပြီး ကြံကိုအဓိကစိုက်ပျိုးကြောင်း သိရ သည်။ (ရိုက်တာ)

No comments:

Post a Comment