Tuesday, March 1, 2016

လုပ်သားအင်းအား ၁ ဒသမ ၈သန်းကို တရုတ်လျှော့ချမည်



Myanmaalinn's photo.
 ပေကျင်း ဖေဖော်ဝါရီ ၂၉

တရုတ်နိုင်ငံသည် လုပ်သားအင်အားဖောင်းပွမှုကို လျှော့ချရန် သံမဏိစက်ရုံနှင့် ကျောက်မီးသွေးစက်ရုံများတွင် လုပ်ကိုင်နေသော အလုပ်သမားအရေအတွက် ၁ ဒသမ ၈ သန်းကို လျှော့ချရန်ခန့်မှန်းထားကြောင်း၊ သို့သော် အချိန်ကာလ မသတ်မှတ်ရသေးကြောင်း တနင်္လာနေ့တွင် ပြောသည်။
လုပ်ငန်းပိုင်းဆိုင်ရာ လေလွင့်ဆုံးရှုံးမှုများကို လျော့နည်းစေရန် ဒေသရှိ အစိုးရအဖွဲ့က လုပ်ငန်းလည်ပတ် နေသည့် စက်ရုံများထဲမှ အရှုံးပေါ်နေသော စက်ရုံရာပေါင်းများစွာကို ဖယ်ရှားပြီး ပိုလျှံလုပ်သားပြဿနာကို ကိုင်တွယ် ဖြေရှင်းသွားမည်ဟု အလေးအနက် ပြောကြားခဲ့သည်။
ကျောက်မီးသွေးထုတ်လုပ်မှု ကဏ္ဍတွင် အလုပ်သမားဦးရေ ၁ ဒသမ ၃ သန်းမှာ အလုပ်ဆုံးရှုံးရမည်ဖြစ်ပြီး သံမဏိစက်ရုံမှ လုပ်သားငါးသိန်းတို့ အလုပ်အကိုင်ဆုံးရှုံးရဖွယ်ရှိကြောင်း လူ့အရင်းအမြစ်နှင့် လူမှုဘဝ လုံခြုံရေးဝန်ကြီး ရင်ဝိန်မင်က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
တရုတ်နိုင်ငံသည် လုပ်သားအင်အားဖောင်းပွမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းပြဿနာကို ရင်ဆိုင်နေရ သည်ဖြစ်ရာ ယခုကိစ္စသည် အစိုးရ အာဏာပိုင်တစ်ဦးက အလုပ်အကိုင်ဆုံးရှုံးမှုများစွာကို ဖြစ်စေမည့် ပထမဆုံးသော ဆုံးဖြတ်ချက်ချမှုဖြစ်သည်ဟု ၄င်းက ပြောသည်။

(ရိုက်တာ)

No comments:

Post a Comment