ဝါရှင်တန် ဖေဖော်ဝါရီ ၂၉
အမေရိကန်သမ္မတ ဘားရက် အိုဘားမား တာဝန်မှ အနားမယူခင် နောက်ဆုံးကြိုးစားမှု
အနေဖြင့် ကျူးဘား အရှေ့တောင်ဘက် ဂွမ်တာနာမို ပင်လယ်အော်ရှိ အမေရိ
ကန်စစ်အကျဉ်းထောင်ကို ပိတ်မည့် ၄င်း၏ အစီအစဉ်ကို ကွန်ဂရက်မှ ကူညီပေးရန်
ယခုအပတ်တွင် ကြေညာခဲ့သည်။
တရားမျှတသော ကြားနာမှုလုပ်ရန် ရီပတ်ပလီကန် အမတ်အများစုရှိသော ကွန်ဂရက်ကို အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းလိုက်သည်။ နောင်လာမည့် သမ္မတနှင့် အမေရိက ကို ဝန်ထုပ်ဝန်ပိုး တစ်ခုရှုမြင်သည့် ယခုကိစ္စကို မျက်ကွယ်မပြုချင် ကြောင်း သမ္မတ အိုဘားမားက ပြောခဲ့သည်။
အမေရိကန် ပြည်ထောင်စုရှိ အကျဉ်းထောင် ၁၃ခုတွင် အကျဉ်း သား ၃ဝမှ ၆ဝ အထိ ထိန်းသိမ်းမည့် ပင်တဂွန်စီမံကိန်းမူကြမ်းကို အဆိုပြု ခဲ့သည်။
သို့သော် ယင်းနေရာများသည် အမေရိကန်ပြည်ထောင်စု၏ မည် သည့်နေရာတွင်ရှိကြောင်း မဖော်ပြ ထားပေ။ အသစ်တင်သွင်း အဆိုပြု သည့် ယင်းမူကြမ်းသည် အသုံး စရိတ်ကို ပိုမိုသက်သာစေမည်ဖြစ် ကြောင်း တာဝန်ရှိသူများက ပြောခဲ့ သည်။
လွန်ခဲ့သောနှစ်က ကျူးဘား၏ ဂွမ်တာနာမို အကျဉ်းစခန်း အသုံး စရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၄၅ဝ ထိရှိပြီး ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေခဲ့သည်။
ထို့ကြောင့် သမ္မတအိုဘားမားက ဂွမ်တာနာမိုအကျဉ်းစခန်းကို ပိတ် စေချင်ခဲ့သည်။
သမ္မတအိုဘားမားက ယင်း အကျဉ်းစခန်းသည် အကြမ်းဖက် သောင်းကျန်းသူများကို တိုက်ခိုက် ရာတွင် အကျိုးသက်ရောက်မှုမရှိသော လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းနှင့်ပတ်သက်သော အမေရိကန် သမိုင်းစာမျက်နှာကို ပိတ်သိမ်းကာ အမေရိကန်ပြည်ထောင်စု၏ အမျိုး သားလုံခြုံရေးကို ပိုမိုကောင်းမွန် စေချင်ကြောင်း ပြောခဲ့သည်။

(ဆင်ဟွာ)
No comments:
Post a Comment