Thursday, March 31, 2016

သုံးပွင့်ဆိုင်ဇာတ်လမ်းကြားက ရောဘတ်၊ ခရစ်စတင်းနဲ့ ဆိုကို

The Mirror Daily's photo.
သွေးစုပ်ဖုတ်ကောင်တွေအကြောင်း စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် တင်ဆက်မှုတွေနဲ့ ဖန်တီးရိုက်ကူးခဲ့ပြီး ကမ္ဘာတစ်ဝန်းအောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ''Twilight''ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား ရောဘတ် ပတ်တီဆန်နဲ့ မင်းသမီးခရစ်စတင်းတို့နှစ်ဦးဟာ အလွန်လိုက်ဖက်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ အပြင်လောကမှာလည်းချစ်သူတွေဖြစ်ခဲ့ကြပြီး ပရိသတ်တွေကလည်း လိုက်ဖက်တဲ့စုံတွဲအဖြစ် သတ်မှတ်ပေးခြင်းခံထားရတဲ့ စုံတွဲဖြစ် ပါတယ်။
ဒါပေမယ့် သူတို့နှစ်ဦးရဲ့ချစ်သူသက်တမ်းလေးနှစ်ခန့်မှာ လမ်းခွဲခဲ့တဲ့ အခြေအနေကို ရောက်ခဲ့ကြပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ခရစ် စတင်းက သူ့ရဲ့ရုပ်ရှင်သစ် ''Snow White and the Huntsman''ရဲ့ ဒါရိုက်တာဖြစ်သူ ရက်ပါ့စန်းဒါးစ်နဲ့ သတင်းတွေထွက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ယူအက်စ်ဝိခ်ကလီးသတင်းစာက ခရစ်စတင်းနဲ့ ရက်ပါ့ စန်းဒါးစ်တို့ရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့တဲ့ အချိန်မှာတော့ခရစ်စတင်းက ရောဘတ်ကို မီဒီယာတွေကနေတစ်ဆင့် တရားဝင်တောင်းပန် ခဲ့ပေမယ့် အဲဒီအဖြစ်အပျက်နောက်ပိုင်း လမ်းခွဲခဲ့ကြပါတယ်။
၂ဝ၁၄ ခုနှစ် စက်တင် ဘာလအတွင်းမှာတော့ ရောဘတ်က အဆို တော်အက်ဖ်ကေအေတွစ်နဲ့ ချစ်သူတွေ ဖြစ်နေကြကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် ဧပြီလအတွင်းမှာ တရားဝင်စေ့စပ်ခဲ့ကြပါတယ်။
လတ်တလောမှာတော့ ခရစ် စတင်းက လိင်တူချစ်သူ အဆိုတော် ဆိုကိုနဲ့ ချစ်သူတွေအဖြစ် လူသိရှင် ကြားတွဲလာကာ သူတို့နှစ်ဦးကို ဟောလိဝုဒ်ရဲ့ လမ်းတွေပေါ်မှာ မကြာခဏဆိုသလို အတူတွဲတွေ့ လာရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ မတ်လအတွင်းက တေးဂီတ ဘလော့ခ်တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုကိုက သူနဲ့ ရောဘတ်တို့နှစ်ဦး ချစ်သူတွေ ဖြစ်နေကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဆိုကို က ရောဘတ်နဲ့သူဟာ လော့စ်အန်ဂျယ် လိစ်ကို သူစတင်ပြောင်း ရွှေ့လာချိန်က တွေ့ဆုံခဲ့ ကြကာ ချစ်သူတွေ ဖြစ်ခဲ့ကြတာဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ ဒါ့ကြောင့် ခရစ်စတင်းရဲ့ လက်ရှိချစ်သူဟာ သူ့ရဲ့ချစ်သူဟောင်းရောဘတ်နဲ့လည်း ချစ်ကြိုက်ခဲ့ဖူးသူဖြစ်တဲ့အတွက် သူတို့ရဲ့ အချစ်ဇာတ်လမ်းကို သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဟောလိဝုဒ်မီဒီယာ တွေက ဖော်ပြခဲ့ကြပါတယ်။
ဆိုကိုနဲ့ ခရစ်စတင်းတို့ဟာ ယခုနှစ်အစပိုင်းက ညစာစားပွဲတစ်ခုမှာ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ချိန်းဆိုတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ယခုလအစပိုင်းမှာ ခရစ်စတင်းက ပဲရစ်ကိုသွားရောက်လည်ပတ်ကာ ဆိုကိုနဲ့ တွေ့ဆုံခဲ့ခြင်းဖြင့် သူတို့နှစ်ဦးအကြားက ဆက်ဆံရေးကို တရားဝင် ထုတ်ဖော် ပြသခဲ့ကာ အမေရိကန်တစ်ဦးနဲ့ ထပ်မံပြီးချစ်သူတွေအဖြစ် လက်မတွဲချင်တဲ့ ခရစ်စတင်းအဖို့ ပြင်သစ်လူမျိုး ဆိုကိုဟာ ပြည့်စုံတဲ့ချစ်သူဖြစ်လာကြောင်း သူတို့နှစ်ဦးနဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးက ဖွင့်ဟခဲ့တယ်လို့ သည်မေရာဒေါ့ကွန်း က ဖော်ပြခဲ့ပါတယ်။
အေးပြည့်

No comments:

Post a Comment