ရွှေဘို ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်၌ ၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်းက မိုးရွာသွန်းမှု များခဲ့သဖြင့် ကင်းတပ်လက်ဝဲတူးမြောင်းအတွင်း
သို့ ချောင်းရေများ အဆမတန်ဝင်ရောက်ခဲ့ရာ မူလခံနိုင်အားထက်ကျော်လွန်၍ လေးနေရာကျိုးပြတ်သွားခဲ့သည်။ မိုးများသောနှစ်များတွင် တူးမြောင်း
ကျိုးပေါက်မှုမှကာကွယ်ရန်နှင့် ခင်ဦးမြို့နယ်၊ ရွှေဘို မြို့နယ်တို့တွင် ရေကြီးပျက်စီးမှုများမှကာကွယ်ရန်ရေထိန်းညှိရေတံခါး အဆောက်အအုံသုံးခုကို
၂ဝ၁၅-၂ဝ၁၆ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ သီးသန့်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည်။

ကင်းတပ်လက်ဝဲတူးမြောင်းပေါ်တွင် အင်တောပေါက်ရေထုတ်ပေါက်နှင့် ရေတံခါးပြုပြင်ခြင်းလုပ်ငန်းငွေကျပ် ၁ဝ၈ သန်း၊SSW(6-A) ရေကျော်ပြုပြင်
ခြင်းလုပ်ငန်းငွေကျပ် ၇၄ သန်းSSW(2) ရေကျော်ပြုပြင်ခြင်းလုပ်ငန်းငွေကျပ် ၁ဝ၈ ဒသမ ၉ဝ သန်းဖြင့် ဆောင်ရွက်ခဲ့သည်။

အဆိုပါရေထိန်းညှိရေတံခါးအဆောက်အအုံများတည်ဆောက်ပြီးစီးသွားပါက တူးမြောင်းမှလက်ခံနိုင်သည့် ရေအမှတ်ထက် ကျော်လွန်သောရေများကို အင်တောပေါက်ချောင်း၊ သိမ်ရင်ချောင်းနှင့် ထီးတောချောင်းများမှတစ်ဆင့် မူးမြစ်အတွင်းသို့ လိုအပ်သလို ရေတံခါးများဖွင့်၍ ထိန်းညှိထုတ်လွှတ်ပေးသွားနိုင်မည်ဖြစ်ပြီး ရွှေဘိုခရိုင်အတွင်း လယ်ဧက ၇ဝဝဝဝ ခန့် စိုက်ပျိုးလျက်ရှိသော တောင်
သူများအားထားရာ ကင်းတပ်လက်ဝဲတူးမြောင်း မကြီးအနေဖြင့် အခက်အခဲမရှိ စိုက်ပျိုးရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရေထိန်းညှိရေတံခါးအဆောက်အအုံများ ပြီးစီးမှုအခြေအနေများကို ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်
မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ခံများက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ခင်ဦးစိုးဝေ
No comments:
Post a Comment