Tuesday, March 1, 2016

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏နိုင်ငံတကာအဆင့်မီကျောက်ကပ်အစားထိုးကုသမှုအောင်ပွဲများ

သတင်းဆောင်းပါး-မင်းထက်အောင်(မန်းကိုယ်ပွား)

မန္တလေး ဖေဖော်ဝါရီ ၂၉

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျောက်ကပ်အစားထိုးကုသမှုကို ၂ဝဝ၁ ခုနှစ်က စတင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂ဝဝ၄ခုနှစ်အထိ ကျောက်ကပ် ဝေဒနာရှင် ခုနစ်ဦးကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ကာ ကြားကာလများတွင် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှစ၍ ပြန်လည်လုပ်ဆောင်ခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလအထိ ကျောက်ကပ်ခွဲစိတ်ကုသမှု လူနာ ၁၄ ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။

ထို့ကြောင့် အထက်မြန်မာနိုင်ငံမှ ပြည်သူများ အားထားရာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ၌ ကျောက်ကပ်အစားထိုးကုသမှု အောင်မြင်စွာ လုပ်ဆောင်ခဲ့သည့် ဆရာဝန်ကြီးများနှင့် လူနာများအား တွေ့ဆုံမေးမြန်းခဲ့ရာ ¤င်းတို့၏ပီတိစကားသံများကို ကြားသိခဲ့ရသည်။
ဒေါက်တာတင်တင်မိုး (ဆေးရုံအုပ်ကြီး)
အထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေးမြို့
ကျောက်ကပ်အစားထိုးလုပ်ငန်းဆိုတာ အင်မတန် မှ ကျယ်ပြန့်တဲ့လုပ်ငန်းကြီးပါ၊ လုပ်ကိုင်ရတဲ့အခါမှာ ဆေးရုံမှာရှိနေတဲ့ ကုသရေးဌာနပေါင်း မြောက်မြားစွာ နဲ့ အထောက်အကူပြုဌာနတွေရော ရောဂါရှာဖွေရေး ဌာနတွေပါ ပူးပေါင်းပြီးလုပ်ဆောင်ရပါတယ်။ ကျယ်ဝန်း ပြီး အလွန်အရေးကြီးပါတယ်။

အဓိကပါဝင်ပြီး လူနာတွေကိုရှာဖွေပေးရတဲ့ ဌာန ကတော့ ကျောက်ကပ်ဆေးပညာဌာနပါ၊ အဲ့ဒီကျောက်ကပ် အတွဲတွေ ရှာပေးလိုက်တဲ့အပေါ်မှာ ဆေးပညာဌာန၊ နှလုံးခွဲစိတ်ကုဌာန၊ နှလုံးသွေးကြောဆေးကုဌာန စတဲ့ ဌာနတွေက လူနာတွေကိုခေါ်ယူပြီး အကြိမ်ကြိမ်စစ်ဆေး ရပါတယ်။
သွေးကြောတွေလည်း စစ်ဆေးရ တယ်။
စစ်ဆေးပြီးရင် ကျန်တဲ့ အထောက်အကူပြုရောဂါရှာဖွေရေးဌာနတွေဖြစ်တဲ့ ဓာတ်ခွဲ၊ ဓာတ်မှန် ဌာနတွေကလည်း ကုသမှုခံယူရမယ့် လူနာတွေရဲ့ ရောဂါအခြေအနေ၊ တစ်နည်းအားဖြင့် အကုန်ညီမျှအောင် စမ်းသပ် စစ်ဆေးမှုပေါင်းများစွာကိုလုပ်ရပါတယ်။ သွေးဌာနကလည်း လိုအပ်တဲ့ သွေးတွေရရှိဖို့အတွက် ဆောင်ရွက်ပေးရပါတယ်။ အဲ့ဒီလို လုပ်ရတဲ့အတွက် ဆေးကုဌာနပေါင်း မြောက်မြားစွာနဲ့ ဆောင်ရွက်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ စုပေါင်း ပြီးတော့ လုပ်ဆောင်ရတဲ့ အလုပ် တစ်ခုလည်းဖြစ်ပါတယ်။

မေ့ဆေးပညာ ဌာနကလည်း အဓိကအရေးကြီးပါတယ်။ လူနာ တွေ မေ့ဆေးဒဏ်ခံနိုင်ဖို့အတွက် အဆင့်ဆင့်စစ်ဆေးမှုတွေကို ပြုလုပ် ရပါတယ်။ လုပ်ငန်းကော်မတီ အဆင့် ဆင့်ဖွဲ့စည်းတဲ့အခါမှာ အစည်းအဝေး တွေ အကြိမ်ကြိမ် ထိုင်ခဲ့ရတယ်။ လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ဖြည့် ဆည်းပေးခဲ့ရပါတယ်။
ခွဲစိတ် ကိရိယာပစ္စည်းတွေရရှိ ဖို့အတွက်လည်း နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနက စက်ပစ္စည်းတွေ၊ ခွဲစိတ်ကိရိယာ၊ ဆေးဝါးနဲ့ လိုအပ် တဲ့ငွေကြေးတွေကို ခွဲဝေချထားပေးခဲ့ ပါတယ်။ အရင်က ခွဲစိတ်တဲ့လူနာ တွေအတွက် နိုင်ငံတော်ကနေ လူနာ တစ်ဦးကို ငွေကျပ်သိန်း ၁ဝဝ နှုန်း စိုက်ထုတ်ကုန်ကျခံပြီး အခမဲ့ခွဲစိတ် ကုသပေးခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာ ပစ္စည်းကိရိယာတွေ ဖြည့်ဆည်းပေးထားပြီး ဖြစ်တဲ့ အတွက် လူနာတွေ ဆေးဖိုး၊ ဓာတ်ခွဲ စမ်းသပ်ခတွေပဲကုန်ကျခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီအတွက် လူနာတစ်ဦးကိုခွဲမယ်ဆိုရင် ငွေကျပ် သိန်း ၄ဝ နဲ့ ၅ဝ ကြား ကုန်ကျနေ ပါသေးတယ်။ ရှေ့ဆက်ပြီး ကျောက် ကပ်ခွဲစိတ်မှု၊ ကျောက်ကပ်အစား ထိုးလုပ်ငန်းတွေအပြင် အသည်း အစားထိုးလုပ်ငန်း ဆောင်ရွက်နိုင် ဖို့အတွက် ကြိုးပမ်းနေပါတယ်။
၂ဝ၁၅ ခုနှစ်အတွင်းမှာ လုပ် ပေးလိုက်တဲ့ လူနာတွေအကုန်လုံး ကောင်းကောင်းမွန်မွန်နဲ့ အခုအချိန် အထိ ရောဂါဘယကင်းရှင်းစွာ ရှိတဲ့ အတွက် ကျွန်မတို့ရဲ့ ကျောက်ကပ် အစားထိုးတဲ့လုပ်ငန်းဟာ နိုင်ငံတကာ အဆင့်အတန်းမီ ရင်ပေါင်တန်းနိုင် တယ်လို့ ကျွန်မမြင်ပါတယ်။
ကျွန်မတို့ ရည်ရွယ်ချက်က ငွေကြေးကုန်ကျစရိတ်တွေ သက်သာ စေချင်တာပါပဲ။ ကျွန်မတို့နိုင်ငံမှာ လည်း ကုန်ကျမှုအနည်းဆုံးနဲ့ လုပ်ပေးနိုင်တယ်။ နိုင်ငံတကာသွား ပြီး ကုသမယ်ဆိုရင် ခရီးစရိတ်၊ တည်းခိုစရိတ်စတဲ့ ငွေကြေးလိုအပ် ပါတယ်။ နောက်ဒုတိယတစ်ချက် က ကျွန်မတို့မြန်မာနိုင်ငံသူ၊ နိုင်ငံသား တွေရဲ့ နွေးထွေးစွာစောင့်ရှောက်ပေး နိုင်တဲ့အချက်တွေဟာ ကိုယ့်နိုင်ငံ မှာ ခွဲစိတ်မှုနဲ့ ရရှိတာပေါ့။ လူနာ ရော၊ လူနာရှင်ရော၊ လှူဒါန်းသူ လူနာရော သုံးဦး သုံးဖလှယ် ပျော်ရွှင် ကြည်နူးစွာနဲ့ ဒီအချိန်မှာ ခံစားရ တယ်။ လူနာတွေကိုကြည့်ပြီး ဝမ်း မြောက်ပီတိဖြစ်ရတယ်။ ဆက်လက် ပြီးတော့ လစဉ်တစ်လကို နှစ်တွဲ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒေါက်တာခင်မောင်ကျော်
အထူးကုဆရာဝန်ကြီး
(ဆီးနှင့်ကျောက်ကပ်ဆေး
အထူးကုဌာန)
MGH ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသ မှု လုပ်ခဲ့တဲ့အချိန်က စတင်ပြီးMGH မှာ ပါဝင်ထမ်းဆောင်ခဲ့တယ်။ အဲ့ဒီ ကနေစတင်ပြီးလုပ်ခဲ့တာ ၂ဝဝ၂ခုနှစ် မှာ နှစ်တွဲ၊ ၂ဝဝ၄ ခုနှစ်မှာ သုံးတွဲ၊ ၂ဝ၁၅ခုနှစ်မှာ လေးတွဲနဲ့ ၂ဝ၁၆ ခုနှစ်မှာ သုံးတွဲ စုစုပေါင်း ၁၄ ယောက် ခွဲစိတ်ကုသမှုပြုလုပ်ပြီးပါပြီ။ အဲ့ဒီ ၁၄ ယောက်စလုံးမှာ ပါဝင်ခဲ့တယ်။

မြန်မာနိုင်ငံမှာ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်တာ ပေါ့၊Chronic လို့ ခေါ်ပါတယ်။ သွေးတိုးရောဂါရှိသူ၊ ဆီးချိုရောဂါ ရှိတဲ့သူတွေ၊ နောက်တစ်ခုက အခြား ကျောက်ကပ်ရောင် ရောဂါရှိပြီး ကြာလာတဲ့အခါမှာ ကျောက်ကပ် ကိုထိပြီးတော့ ပျက်စီးသွားပါတယ်။ အဲ့ဒီလိုလူမျိုးတွေဟာ ဆက်လက် အသက်ရှင်နိုင်ဖို့အတွက် ကျွန်တော် တို့က ကျောက်ကပ်သွေးသန့်စင်စက် နဲ့ လုပ်ရတယ်။

အဲ့ဒါက တစ်သက်လုံးလုပ်ရပြီး စက်ပေါ်မှာပဲ အသက်ရှင်ရတဲ့ အခြေအနေပါ။ အဲ့ဒီလိုအခြေအနေ မျိုးမှာ လူနာတွေကို ကျောက်ကပ် အစားထိုးပေးလိုက်မယ်ဆိုရင် ပုံမှန် လူအတိုင်း သွားလာလှုပ်ရှား သွားလာနိုင်တယ်။ အရင်တုန်း ကတော့ ဒီလိုကျောက်ကပ်အစား ထိုးမယ်ဆိုရင် အခြားနိုင်ငံသွားပြီး အစားထိုးရတယ်။ အဲ့ဒီအခါမှာ ပိုက်ဆံအကုန်အကျ အလွန်များပြီး ငွေကျပ် သိန်း ၂ဝဝ ကျော်လောက် ကုန်ပါမယ်။

လူနာတွေ လာပြတဲ့အခါမှာ ပထမဆုံး ဒီလူနာကျောက်ကပ် အစားထိုးနိုင်မှု ရှိ မရှိ စစ်ဆေး စမ်းသပ်ပြီး ကျောက်ကပ်ပျက်စီး တဲ့ ရောဂါရှင်ရဲ့အမျိုး၊ ဆွေမျိုးထဲက တစ်ယောက်ယူရပါတယ်။ သွေး အမျိုးအစား၊ သွေးအုပ်စုတူဖို့ လိုပါ တယ်။ ကျောက်ကပ်လှူဒါန်းမယ့် လူနာဟာ ကျောက်ကပ်လှူနိုင်ခြင်း ရှိ မရှိ၊ ကျောက်ကပ်လူနာရှင်နဲ့ လှူတဲ့အလှူရှင်တို့ဟာ အသားစHLA တစ်သျှူး တူ/မတူ၊ ကျောက် ကပ် လှူတဲ့သူဟာ နောက်ပိုင်းမှာ လည်း သူဟာပုံမှန်အနေအထိုင် အတိုင်းပဲ။ လူတစ်ယောက်လို ပုံမှန် အသက်ဆက်လက် ရှင်သွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် နှစ်ယောက်စလုံးကို ကျွန်တော်တို့ စစ်ဆေးတယ်။

ပထမသွေးကို ရောဂါဗေဒဌာန ကစစ်ပေးတယ်။ အလှူရှင်ကို Cross made လို့ခေါ်တဲ့ အသားစ တူ/မတူ ကိုလည်း သက်ဆိုင်ရာရောဂါဗေဒ ဌာန၊ ဓာတ်မှန်ဌာန၊ အဏုမြူ ရောင်ခြည်ဌာနကလည်း စစ်တယ်၊ အားလုံး စစ်လို့ကောင်းသွားပြီ၊ လှူလို့ရတဲ့အခြေအနေမှာ ကျောက် ကပ်အစားထိုးကုသတဲ့ အဖွဲ့မှာရှိတဲ့ ကျောက်ကပ်အစားထိုး ဆရာဝန်ကြီး တွေ၊ မေ့ဆေးဆရာဝန်ကြီးတွေ၊ ဓာတ်မှန်ဆရာဝန်ကြီးတွေ၊ အထွေ ထွေရောဂါပညာရှင်တွေ စုပြီးတော့ လှူနိုင်တယ်ဆိုတဲ့ အတိုင်းအတာ ရပြီဆိုမှ ကျောက်ကပ်အစားထိုး လုပ်ငန်း စတင်ဆောင်ရွက်ပါတယ်။
ခွဲတဲ့အဖွဲ့မှာ အဖွဲ့သုံးဖွဲ့ရှိပါ တယ်။ ကျောက်ကပ်အလှူရှင်ဆီက ကျောက်ကပ်ထုတ်တဲ့အဖွဲ့၊ တစ်ဖွဲ့ က ကျောက်ကပ်ထုတ်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ Perfusion လုပ်တဲ့ အဖွဲ့ပါ။ ဟိုဘက်မှာကျတော့ ကျောက်ကပ်ထည့်တဲ့အဖွဲ့၊ အဲဒီလို ခွဲပြီးလုပ်ရပါတယ်။ ခွဲစိတ်အဖွဲ့အပါ အဝင် လူ ၃ဝ လောက်တော့ရှိပါတယ်။

ကျောက်ကပ် အစားထိုးပြီးတဲ့ နောက်ပိုင်းမှာ ပုံမှန်ကြည့်နေရတယ်။ နိုင်ငံခြားမှာ ခွဲစိတ်ကုသပြီး ပြန်လာ တဲ့အခါ ဟိုကိုပြန်သွားပြဖို့ အလွန် ခဲယဉ်းပါတယ်။ ဒီမှာကျတော့ တစ်လ တစ်ခါ၊ နှစ်လတစ်ခါ၊ တစ်ပတ်တစ်ခါ ပြရတာ အကုန်အကျလည်း နည်း တယ်။ ကျောက်ကပ်အစားထိုးကုသပြီးတဲ့နောက်ပိုင်းမှာ ရောဂါအခြေ အနေတိုးတက်မှုကို သိရှိရတဲ့အတွက် အမြဲတမ်းဝမ်းသာပြီး ပျော်ရွှင်နေကြ တာ အင်မတန်ကောင်းတယ်။
ကျောက်ကပ်ရောဂါက မဖြစ်ခင် ကြိုတင်ကာကွယ်ရပါတယ်။ အထူး သဖြင့် သွေးတိုးရောဂါရှိသူတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေ၊ ကိုယ့်ရဲ့ မိသားစုအတွင်းမှာ ကျောက်ကပ် ဝေဒနာ ခံစားခဲ့ရသူတွေဆိုရင် စောစောစီးစီး ပုံမှန်စစ်ဆေးဖို့လိုပါ တယ်။ ကာကွယ်ခြင်းဟာ ကုသခြင်း ထက်ကောင်းတယ်။ ရောဂါသည် တွေဟာ ကြိုတင်လာပြထားမယ် ဆိုရင် ဥပမာ-ကျောက်ကပ်ပျက် တာနှစ်နှစ်နဲ့ပျက်မယ်၊ သူဟာပုံမှန် ကုသမှုခံယူရင်း ၁ဝ နှစ်၊ ၁၅ နှစ် အထိ သူရဲ့သက်တမ်း အများကြီး ရှည်သွားမှာဖြစ်ပါတယ်။ ပုံမှန်စစ် ဆေးဖို့လိုအပ်တယ်။ ကျွန်တော်တို့ ဌာနကို လာပြီးတော့ဆွေးနွေးပါ။

ဒေါက်တာမင်းသူ
ပါမောက္ခ/ဌာနမှူး
(ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုဌာန)
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထောက်ပံ့ကူညီမှု၊ အထွေထွေရောဂါ ကုဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီး၊ အုပ်ချုပ်ရေးအဖွဲ့တွေ ဒီမှာရှိတဲ့ဌာန ဆိုင်ရာအားလုံး၊ ဆေးရုံကြီးမှာရှိတဲ့အခြားထောက်ပံ့တဲ့ ဌာနတွေအားလုံး ကြောင့် အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံးခွဲစိတ်မှုမှာ ခွဲစိတ် ဆရာဝန်ကြီး ဆရာဦးတိုးလွင်၊ အထူး ကုသမားတော် ပါမောက္ခ ဒေါက်တာ ခင်မောင်ဌေး၊ မေ့ဆေးပါမောက္ခ ဒေါ်ကြည်ကြည်စန်းတို့ရဲ့ ထောက်ပံ့မှု နဲ့ ခွဲခဲ့ရတယ်။ ပထမဆုံး ဃျေန က ခွဲစိတ်ချိန် ၆ နာရီနဲ့ ၇ နာရီလောက် ကြာပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း ခွဲစိတ်မှုကြာလာတာနဲ့ အမျှ ခွဲစိတ်ချိန်ကာလ တိုတောင်း လာတယ် စုစုပေါင်းကြာမြင့်ချိန် ငါးနာရီလောက် ကြာပါတယ်။
လတ်တလော ပြဋ္ဌာန်းထားတဲ့ ကိုယ်အင်္ဂါ အစားထိုးခွဲစိတ်ကုသမှု ဆိုင်ရာဥပဒေအရ သွေးသားရင်း ချာပဲ ပြုလုပ်တဲ့အတွက်ကြောင့် ခွဲစိတ်ကုသမှု ကောင်းပါတယ်။Tissue Rejection မရှိဘူး။ လှူတဲ့ သူရော လက်ခံရယူတဲ့သူပါ ကျန်းမာရေးအခြေအနေ ကောင်းပါ တယ်။
ရှေ့ဆက်ပြီးတော့လည်း သွေး ရင်းသားရင်းပေါ့။First Relative ကနေပြီးတော့Second Relative ထိအောင် တိုးချဲ့ဖို့ရှိပါတယ်။ အဲ့ဒီ က တစ်ဆင့်ပြီးတော့မှ သွေးသား မတော်စပ်ဘဲနဲ့ လှူချင်တဲ့သူဆီက နေလည်း လက်ခံရယူဖို့တွေနဲ့ ဒီနှစ်ပိုင်းထဲမှာလုပ်ဖို့ရှိပါတယ်။ ခွဲစိတ် ကုသတဲ့သမိုင်းကို ကြည့်လိုက်ရင် အမေကသားကို လှူတာရှိတယ်။သားက အဖေ၊ ညီအစ်ကိုမောင်နှမအချင်းချင်းပေးတာလည်းရှိပါတယ်။အရင်းအချာတွေပဲ ကျွန်တော်တို့ လုပ်ခဲ့တာပါ။
ကျောက်ကပ် လှူလိုက်ရင် အန္တရာယ်ထိခိုက်မလား၊ ကျန်းမာ ရေးထိခိုက်မလားဆိုတာလုံးဝမဟုတ် ပါဘူး။ လှူတဲ့သူက သက်တမ်းစေ့ နေလို့ရပါတယ်။ တစ်တွဲဆိုရင် လှူတဲ့ ကလေးက ၁၈ နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့အမေကို လှူတာဖြစ်ပါတယ်။ အခုထိလည်း ကျန်းကျန်းမာမာနဲ့ နေထိုင်လျက်ရှိပါတယ်။

ဒေါက်တာသန်းသန်းကြိုင်
ပါမောက္ခ/ဌာနမှူး
(နှလုံးဆေးကုဌာန)
တကယ်တမ်းကတော့ ကျောက် ကပ်အစားထိုးကုသမှုဆိုတာ လွယ် ကူတဲ့ သာမန်ခွဲစိတ်ကုသမှုတော့ မဟုတ်ပါဘူး။ ဒီတော့ ဒီကျောက် ကပ် အစားထိုးခွဲစိတ်ကုသမှုမပြုခင် မှာ ပွဲမဝင်ခင်ကတည်းက အစစ အရာရာ ပြင်ဆင်ရပါတယ်။ လူနာ ကိုရော ကျောက်ကပ်လှူမယ့်သူကိုပါ ကျန်းမာရေး စစ်ဆေးမှုတွေကို ပြုလုပ်ရပါတယ်။
အထူးသဖြင့် နှလုံးဘက်ဆိုင်ရာ စစ်ဆေးပေးရပါတယ်။ စစ်ဆေး တဲ့အခါမှာ လူနာရဲ့နှလုံးခုန်မှန်ခြင်း၊ မမှန်ခြင်း၊ နှလုံးရဲ့ညှစ်အား၊ အဆို့ ရှင်ကောင်းမွန်မှု ရှိ မရှိ အကုန်လုံး အစစအရာရာ စစ်ဆေးပေးပြီးတော့ မှ ဆရာဝန်ကြီးတွေအားလုံးက ရွေးချယ်ပါတယ်။ လူနာကို မခွဲခင် ကတည်းက ကျန်းမာရေးကောင်း အောင် လုပ်ဆောင်ပေးရတယ်။
အခု မန္တလေးဆေးရုံကြီးမှာ ကျောက်ကပ် အစားထိုးတာကို စဉ်ဆက်မပြတ် လုပ်လာနိုင်ပြီဖြစ်လို့ နောက်ပိုင်းမှာ ကျောက်ကပ်ရောဂါ ဝေဒနာရှင်တွေအဖို့ ငွေကုန်ကြေး ကျလည်း အင်မတန်နည်းမယ်၊ ကိုယ့်မိသားစုနဲ့လည်း ခွဲစိတ်တဲ့ နေရာမှာအတူတကွနေရတဲ့အတွက် စိတ်ရောကိုယ်ပါ ချမ်းသာမယ်လို့ ထင်ပါတယ်။

ဒေါက်တာ ခင်မောင်ထွေး
တွဲဖက်ပါမောက္ခ
(နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာန)
သွေးကြောဆက်တဲ့ အပိုင်းမှာ ပါဝင်ပေးပါတယ်။ ကျောက်ကပ်လှူ မယ့်သူရဲ့ ကျောက်ကပ်ကို ထုတ်တဲ့ အချိန်မှာ ဟိုဘက်ကနေ ဆီးနဲ့ ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီးက ထုတ်ပေးတယ်။ ထုတ်ပေးတဲ့အချိန်မှာ သွေးပြန်ကြော မကြီးနဲ့ သွေးလွှတ်ကြောမကြီးက နေ ကျောက်ကပ်သွေးကြောတွေကို ဖြတ်ထုတ်ယူပါတယ်။ အဲ့ဒီလို ဖြတ် ထုတ်ယူတဲ့နေရာမှာ မထင်မှတ်တဲ့ အန္တရာယ်၊ သွေးထွက်လွန်တာမျိုး၊ ချည်ထားတာ ပြုတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ နှလုံးနဲ့သွေးကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာဝဏ္ဏထွန်းနဲ့တကွ သူနာပြု ဆရာမကြီး ဒေါ်လဲ့ဝေသိန်းနဲ့ သူနာ ပြု ဆရာမ ဒေါ်ဟေမာဝင်းတို့ နှစ်ဦးကို အဲ့ဒီဘက်မှာ တာဝန်ချထား ပေးပါတယ်။
နိုင်ငံတော်ကနေ ခွဲစိတ်ခန်းထဲ မှာ ဗီဒီယိုကင်မရာပါတဲ့ မီးစလောင်း တွေ တပ်ပေးထားတယ်။HD ကင်မရာနဲQuality ကောင်းကောင်း နဲ့ ကြည့်လို့ရမယ်။ အဲ့ဒီကနေမှMonitor TV ကို အပြင်မှာ ထုတ်ပေး ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့Junior တွေ လေ့လာဖို့ အခွင့်အရေးတွေ အများကြီးရပါတယ်။

ဒေါ်ချို
ကျောက်ကပ်ဝေဒနာရှင်
ဘယ်လိုမှ မခံစားရတော့ပါဘူး။ကောင်းသွားပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးဝမ်းသာ ပီတိဖြစ်မိပါတယ်။ ကျွန်မလို ကျောက်ကပ်ဝေဒနာရှင်တွေ ဆေးရုံ ကြီးမှာ ယုံယုံကြည်ကြည်နဲ့ လာကုကြ ပါ။ စိတ်ချယုံကြည်ရပါတယ်။

ဒေါ်မာလာ
ကျောက်ကပ်လှူသူ
ထန်းတပင်၊ ဇီးကုန်းကျေးရွာ
ကန့်ဘလူမြို့နယ်
အတိုင်းမသိဝမ်းသာပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ စီးပွားရေးအနေအထားနဲ့ နိုင်ငံခြားမှာ ဆေးသွားမကုနိုင်ပါဘူး။ ဒီမှာဆရာဝန်ကြီးတွေက စေတနာနဲ့ လုပ်ကိုင်ပေးလို့ ဒီလိုအောင်အောင် မြင်မြင် လုပ်နိုင်တာပါ။ နိုင်ငံတော် ကိုလည်း ဒီလိုဆေးကုသပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါ တယ်။ အခြား ကျွန်မတို့လို ဝေဒနာ ရှင်တွေကိုလည်း ဒီထက်မက ထောက်ပံ့ပေးနိုင်ပါစေ။

No comments:

Post a Comment