Tuesday, March 29, 2016

ချယ်လ်ဆီးက အရခေါ်မယ့် နိုင်ဂိုလန်


ကောင်းမြတ်သူ-စုစည်းသည်

ချယ်လ်ဆီးဟာ ရိုးမားကွင်းလယ်ကစားသမား နိုင်ဂိုလန်ကို ဂျူဗင်တပ်စ်နဲ့ အပြိုင် ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ ဂျူဗင်တပ်စ်ကလည်း ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား နိုင်ဂိုလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ လာမယ့် ချယ်လ်ဆီးနည်းပြဖြစ်တဲ့ အန်တိုနီယိုကွန်တီးက နိုင်ဂိုလန်ကို အရခေါ်ယူ သွားဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းမှာ နီမန်းဂျာမာတစ်ကလည်း ထွက်ခွာဖွယ်ရှိနေတယ်။ ဒီအတောအတွင်း မီခေးလ်အိုဘီရဲ့ အနာဂတ်က လည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ဒီအတွက် ကွန်တီးအနေနဲ့ ကွင်းလယ်ကစားသမား တစ်ဦးကို မဖြစ်မနေ ခေါ်ယူရတော့မှာပါ။ ကွန်တီးကတော့ နိုင်ဂိုလန်ကို အရခေါ်ယူဖို့ရှိနေပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုင်ဂိုလန်ဟာ ရိုးမားအသင်းမှာ အဓိက ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။ ရိုးမားဟာ နိုင်ဂိုလန်ကို ပေါင် ၃၈ သန်းနဲ့ ရောင်းချဖွယ်ရှိနေပါတယ်။

No comments:

Post a Comment