Tuesday, March 29, 2016

ကွန်ကာကပ်ဖ်ဖုန်မှာအမေရိကန်တို့ခြေစစ်ပွဲအောင်နိုင်ပါ့မလား


မိုးမြင့်လင်းလက်

၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ ကွန်ကာကပ်ဖ်ဇုန် ပွဲစဉ်တွေကို မတ် ၂၉ ရက် ညပိုင်းမှာ ဆက်လက်ကစားမှာဖြစ်ပါတယ်။ ကွန်ကာကပ်ဖ်ဇုန်မှာ နာမည်ကြီး အမေရိကန်တို့လည်း အခြေအနေမကောင်းတာမို့ ဒီပွဲမှာတော့ အနိုင်ရရှိရေး ခြေကုန်ဖွင့်ကစားရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အခြေအနေ ကောင်းနေတဲ့အသင်းတွေကလည်း နောက်တစ်ဆင့် တက်လှမ်းရေးအတွက် ခိုင်မာတဲ့ ရပ်တည်ချက်ရရှိဖို့ ဒီပွဲကို မဖြစ်မနေ နိုင်ပွဲရအောင် အားထုတ်မှာ မို့ ကြည့်ကောင်းမယ့်ပွဲတွေအဖြစ် မြင်တွေ့ရပါလိမ့်မယ်။

အမေရိကန်နှင့် ဂွာတီမာလာ
အုပ်စု(C)မှာ အမေရိကန်တို့ သုံးပွဲကစားပြီးချိန်မှာ လေးမှတ်သာရရှိထား လို့ ဖိအားတွေကျရောက်နေပါတယ်။ ဂွာတီမာလာတို့ကတော့ သုံးပွဲကစား နှစ်ပွဲနိုင်၊ ခြောက်မှတ်ရရှိပြီး အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာမို့ အမေရိကန်တို့ ပွဲကျပ်အဖြစ် ဧည့်ခံရဖို့ ရှိနေပါတယ်။ ပထမအကျော့ ဂွါတီ မာလာကွင်းမှာကစားခဲ့တဲ့ ရလဒ်ကိုကြည့်ရင်တော့ အမေရိကန်တို့ နှစ်ဂိုး ပြတ် ရှုံးထားတာမို့ အခုပွဲမှာ အနိုင်ရဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒီနှစ်သင်း ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တွေ့ဆုံမှုမှတ်တမ်းကိုကြည့်ရင် အမေရိကန်တို့က ခုနစ်ပွဲနိုင်ပြီး ဂွာတီမာလာက တစ်ပွဲနိုင်ကာ သရေပွဲငါးပွဲဖြစ်ထားပါတယ်။ အခုပွဲမှာ နိုင်ပွဲလိုအပ်နေတဲ့ အမေရိကန်တို့ ဂိုးပြတ်သွင်းပြီး အောင်ပွဲခံပါ လိမ့်မယ်။

မက္ကဆီကိုနှင့် ကနေဒါ
အုပ်စု(A)မှာ မက္ကဆီကိုတို့က သုံးပွဲကစား၊ ကိုးမှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည် နေပါတယ်။ ကနေဒါတို့ကတော့ သုံးပွဲကစား၊ လေးမှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ခြေစစ်ပွဲအောင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ မက္ကဆီကို တို့ကတော့ တိုက်စစ်အား ကောင်းမွန်ပြီး ခံစစ်ပိုင်းကလည်း အကောင်းဆုံး အနေအထားရှိနေပါတယ်။ ကနေဒါတို့က တိုက်စစ်မှူးတွေ ဂိုးသွင်း ခြေမမှန် သလို ခံစစ်ပိုင်းကလည်း အားနည်းချက်ရှိနေတာမို့ ဒီပွဲမှာ မက္ကဆီကိုတို့ပဲ အမှတ်ပြည့်ယူဦးမှာ သေချာနေပါတယ်။ 

ကော်စတာရီကာနှင့် ဂျမေကာ
အုပ်စု(B)မှာတော့ ကော်စတာရီကာတို့ ခုနှစ်မှတ်ရရှိနေပြီး ဂျမေကာတို့က သုံးပွဲကစား၊ လေးမှတ်ရရှိထားပါတယ်။ ပထမအကျော့ ဂျမေကာကွင်းမှာ တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ပြီး အခုပွဲမှာတော့ အိမ်ကွင်းဖြစ်တာမို့ ကော်စတာရီကာ တို့ သုံးမှတ်အပြည့်ရရှိရေး ခြေကုန်ဖွင့်ပါလိမ့်မယ်။ ကော်စတာရီကာတိုက်စစ် မှူးတွေက ထိုးဖောက်နိုင်စွမ်းရှိတာမို့ ဒီပွဲမှာ အိမ်ရှင်တို့ နိုင်ပွဲရဖို့ များနေပါ တယ်။ 

ပနားမားနှင့် ဟေတီ
အုပ်စု(B)မှာ ပနားမားတို့ သုံးပွဲကစားပြီးချိန်မှာ လေးမှတ်ရရှိထားပါတယ်။ ဟေတီတို့ကတော့ သုံးပွဲကစား၊ တစ်မှတ်သာရရှိထားလို့ အခြေအနေမကောင်း ပါဘူး။ ဒီနှစ်သင်းရဲ့ ပထမအကျော့ တွေ့ဆုံမှုက ဂိုးမရှိသရေပွဲဖြစ်ထားတာ မို့ ပနားမားဟာ အခုပွဲမှာ အမှတ်ရအောင် အားထုတ်တော့မှာဖြစ်ပါတယ်။ ပနားမားတို့က တိုက်စစ်၊ ခံစစ်မျှအောင် ကစားနိုင်ပြီး ဒီပွဲမှာ ခံစစ်အခြေပြု ကစားမယ့် ဟေတီကို ဂိုးရအောင်သွင်းယူပြီး အောင်ပွဲခံပါလိမ့်မယ်။ 

ဟွန်ဒူးရပ်ဇ်နှင့် အယ်လ်ဆာဗေဒို
အုပ်စု(A)မှာတော့ ဟွန်းဒူးရပ်စ်ရော အယ်လ်ဆာဗေဒိုတို့ နှစ်သင်းစလုံး ခြေစစ်ပွဲအောင်ဖို့ ရုန်းကန်ရမယ့်အနေအထား ရောက်ရှိနေပါတယ်။ အယ်လ် ဆာဗေဒိုတို့က သုံးပွဲကစား၊ နှစ်မှတ်ရရှိထားပြီး ဟွန်ဒူးရပ်စ်တို့ကလည်း သုံးပွဲကစားပြီး တစ်မှတ်သာရရှိထားပါတယ်။ အုပ်စု ဒုတိယနဲ့ ခြေစစ်ပွဲအောင် ဖို့ အားထုတ်လာမယ့် အယ်လ်ဆာဗေဒိုတို့က အခုပွဲမှာ အနိုင်ရမှ မျှော်လင့် ချက်ထားနိုင်မယ့် အနေအထားဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ်တို့ကတော့ ခြေစစ် ပွဲအောင်ဖို့အခြေအနေမကောင်းတော့ပေမယ့် ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ရ မှာဖြစ်လို့ အရှုံးပေးမှာတော့ မဟုတ်ပါဘူး။ အယ်လ်ဆာဗေဒိုတို့က ဒီပွဲမှာ ဂိုးများများသွင်းပြီး အောင်ပွဲခံနိုင်ရေး ကြိုးစားမှာဖြစ်လို့ သုံးမှတ်ဆိုတာ ဧည့် သည်တို့အတွက် ဖြစ်သွားပါလိမ့်မယ်။ ။

No comments:

Post a Comment