Tuesday, March 29, 2016

မန္တလေးမြို့မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆွေးနွေး




 
 
 
 
မန္တလေး မတ် ၂၈

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို မန္တလေးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ရေးအတွက် ဆွေးနွေးပွဲကို မတ် ၂၈ ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းကော်မတီများ ဖြစ်ကြ သည့် စီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်း ကော်မတီ၊ တေးသီချင်းနှင့် အလှပြ ယာဉ် အကဲဖြတ်ရေးလုပ်ငန်း ကော်မတီ၊ မဏ္ဍပ်များအကဲဖြတ်ရေး လုပ်ငန်းကော်မတီ၊ ပြန်ကြားရေးနှင့် ဓာတ်ပုံပြိုင်ပွဲ စိစစ်ရေးလုပ်ငန်း ကော်မတီ၊ သင်္ကြန်ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီ၊ အလှပြယာဉ်၊ အလှပြ မဏ္ဍပ်နှင့် ရေးကစားမဏ္ဍပ်များ ရွေးချယ်နေရာချထားရေး လုပ်ငန်း ကော်မတီ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ ခရိုင်အလှပြယာဉ် ကြိုဆိုနေရာချထားရေး လုပ်ငန်း ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဆုချီးမြှင့် ရေးလုပ်ငန်းကော်မတီ၊ ကောင်းမှု ကုသိုလ်ပြုလုပ်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေး လုပ်ငန်းကော်မတီ၊ သင်္ကြန်သံချပ်အဖွဲ့များ စိစစ်ရေး လုပ်ငန်းကော်မတီ၊ မြန်မာနှစ်ဆန်း ၁၁ ရက်နေ့ သက်ကြီးဘိုးဘွား ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ ကျင်းပရေးကော်မတီ များနှင့် တက်ရောက်လာကြသူများ က ဆွေးနွေးကြကြောင်း သိရ သည်။

ထွန်းထွန်းနိုင်(ကျောက်ဆည်)

No comments:

Post a Comment