Thursday, March 31, 2016

ဒုံးလက်နက်များသည် အစ္စလာမ္မစ်နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးကြောင်း အီရန်ထိပ်တန်ခေါင်းဆောင်ပြောကြား


Myanmaalinn's photo.
ဒူဘိုင်း မတ် ၃ဝ 

ဒုံးလက်နက်များသည် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏အနာဂတ်အတွက် အဓိကအရေးကြီးသော အချက်များ ဖြစ်ကြောင်း အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့ တွင်ပြောခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင်ဖော်ပြ သည်။
ဒုံးကျည်စမ်းသပ်မှုများကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်မှုများကို အများအပြားရရှိခဲ့ကြောင်း ၄င်းကပြောခဲ့ သည်။ ထိပ်တန်းခေါင်းဆောင် အရာတိုလာ အလီခါမေနီ က ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးခဲ့သော လွန်ခဲ့သောနှစ် နျူကလီးယားကိစ္စကို ထောက်ခံခဲ့သော် လည်း ထိုစဉ်ကတည်းက အမေရိကန်ပြည်ထောင်စုနှင့် ၄င်း၏မိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများကို မပြုလုပ်ရန် အီရန်အား ပြောကြားခဲ့ကြောင်း သိရသည်။
အနာဂတ်အတွက် ဒုံးကျည်များနှင့်မဟုတ်ဘဲ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း အနောက်အုပ်စုက ပြောခဲ့သည်။ အီရန် ထိပ်တန်းခေါင်းဆောင်၏ ဖော်ပြချက်သည် ''အီရန်၏အနာဂတ်သည် စားပွဲဝိုင်းဆွေးနွေးပွဲဖြစ်ကြောင်း၊ ဒုံးကျည် များမဟုတ်ကြောင်း'' တွစ်တာတွင်ဖော်ပြခဲ့သော ယခင် သမ္မတဟောင်း အခ်ဘာဟရှ်မီရက်ဖ်ဆန်ဂျနီ၏ပြောကြား ချက်များကို ရည်ညွှန်းသလိုဖြစ်နေသည်။
အီရန် တော်လှန်ရေးတပ်ဖွဲ့များက ယခုလအစောပိုင်း က ဒုံးကျည်စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပအင်အားကြီးနိုင်ငံ များက ယင်းစမ်းသပ်မှုသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်သလိုဖြစ်နေ ကြောင်း ပြောခဲ့သည်။
သို့သော်လည်း လုံခြုံရေးကောင်စီ၏အမြဲတမ်းအဖွဲ့ဝင် ရုရှားနိုင်ငံကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာမရောက်ကြောင်း ပြောကြားခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment