Thursday, March 31, 2016

တရုတ်နိုင်ငံ ၂၂လုံးမြောက် လမ်းညွှန်အချက်ပြဂြိုဟ်တုလွှတ်တင်


Myanmaalinn's photo.
 ပေကျင်း မတ် ၃ဝ 

တရုတ်နိုင်ငံသည် ကမ္ဘာ့ တည်နေရာ လမ်းညွှန်အချက်ပြမှု များနှင့် ကွန်ရက်များ ပြန်လည် နေရာတကျ ဖြစ်စေရန်အတွက် ဂြိုဟ်တုတစ်လုံးကို မတ် ၃ဝ ရက် နံနက် ၄ နာရီ ၁၁မိနစ်က လွှတ်တင် ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ် တွင် ဖော်ပြသည်။
တရုတ်နိုင်ငံ ဇီချန်း အနောက် တောင်ဘက်ရှိ ဇီချန်း ဒုံးပျံလွှတ်တင် ရေးစင်မှလွှတ်တင်လိုက်သော ယင်း ဒုံးပျံကို လောင်းမတ်ခ်ျ ၃ အေ သယ်ဆောင်ရေးဂြိုဟ်တုက သယ် ဆောင်သွားမည်ဖြစ်ပြီး ပတ်လမ်းထဲ သို့ လွှတ်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းသည် ပိုင်တုလမ်းညွှန် အချက်ပြဂြိုဟ်တုစနစ်ဖြင့် အသုံး ပြုထားသော ၂၂ လုံးမြောက်ဂြိုဟ်တု တစ်လုံးဖြစ်ကြောင်း သိရသည်။
သယ်ဆောင်ရေးဂြိုဟ်တုကို ပစ် လွှတ်ခဲ့သည်မှာလည်း ၂၂၅ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။ လွှတ်တင် လိုက်သော ဂြိုဟ်တုသည် ပတ်လမ်း ထဲရောက်ပြီး ပုံမှန်လည်ပတ်လုပ် ဆောင်သွားနိုင်မည်ဆိုပါက ကမ္ဘာကြီး ကို ဖြန့်ကြက်မည့် ဘီဒီအက်စ်စနစ်ကို ပြုပြင်ပေးမည်ဖြစ်ကာ ယင်းစနစ်ကို ပိုမိုကောင်းမွန်စေမည် ဖြစ်ကြောင်း သိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment