Tuesday, March 1, 2016

ဘားအံ-သထုံကားလမ်း၌ ဟိုက်ဂျက်ယာဉ်နှင့်(၁၂)ဘီးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ

The Mirror Daily's photo.
ဘားအံ ဖေဖော်ဝါရီ ၂၉
ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကာကျေးရွာအုပ်စု တန်(၉ဝဝ)ဘိလပ်မြေစက်ရုံဘောလုံးကွင်းအနီး ဘားအံ- သထုံ ကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ဟိုက်ဂျက်ယာဉ်နှင့် (၁၂)ဘီးယာဉ် တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ဟိုက်ဂျက်ယာဉ်ပေါ်ပါ သုံးဦးအနက် နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်က ဘားအံ-သထုံ ကားလမ်းအတိုင်း တန်(၉ဝဝ)ဘောလုံးကွင်းသို့ ယာဉ်အမောင်းသင် လေ့ကျင့်ရန် 2H/---- ဟိုက်ဂျက် အဖြူရောင်ယာဉ်အား အမောင်းသင်သူ ကရင်ပြည်နယ် ဘားအံမြို့နယ် ကျောင်းအောက် ကျေးရွာနေ ကျော်မြိုင်(ခ)လခို (၂၇)နှစ် မောင်းနှင်ပြီး ဘေးတွင် အမောင်းသင်ပေးသူ ယာဉ်ပိုင်ရှင် သန်းနိုင်(၃၃)နှစ် (လိပ်စာတူ)နှင့် သန်းနိုင်၏ သားဖြစ်သူ မောင်ပေါ်ဦး(၅)နှစ်တို့ ပါရှိပြီး မြိုင်ကလေးလမ်းဆုံဘက်မှ မောင်းနှင်လာစဉ် တန်(၉ဝဝ)ဘိလပ် မြေစက်ရုံ ဘောလုံးကွင်းအနီး အရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ သွားကာ ဘိလပ်မြေတင်ဆောင်၍ ဘားအံဘက်သို့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကိုးတောင်ကျေးရွာ နေ ဦးစိုးလွင်(၅၃)နှစ် မောင်းနှင်လာ သော 2A/---- (၁၂)ဘီး အပြာရောင် ယာဉ်အား ဝင်တိုက်မိရာ ဟိုက်ဂျက် ယာဉ်မောင်း ကျော်မြိုင်(ခ)လခိုနှင့် မောင်ပေါ်ဦးတို့နှစ်ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာရရှိပြီး အခင်းဖြစ် နေရာ၌ သေဆုံးသွားကာ သန်းနိုင် တွင် (စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သဖြင့် ဘားအံဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ကျွမ်းကျင် မှုမရှိဘဲ ယာဉ်မောင်းနှင်သဖြင့် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ယာဉ်တိုက်မှုဖြစ်ပွား၍ သေဆုံး၊ ဒဏ်ရာများရရှိစေသူ ဟိုက်ဂျက် ယာဉ်မောင်းကျော်မြိုင်(ခ) လခိုအား ဘားအံမြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
ထွန်းထွန်းထွေး (ဘားအံ)

No comments:

Post a Comment