Tuesday, March 29, 2016

အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် ဂျပန်-အမေရိကန် ဆက်ဆံရေးအပေါ် ထိခိုက်မှုမရှိ






တိုကျို မတ် ၂၈

အမေရိကန်၏နောင်တက်လာမည့်အစိုးရ မည်သူပင်ဖြစ်စေ ဂျပန်-အမေရိကန်မိတ်ဖက်ဆက်ဆံမှုများသည် ဂျပန်နိုင်ငံ၏ သံတမန်အခန်း ကဏ္ဍတွင် သမိုင်းမှတ်တိုင်အဖြစ် ဆက်လက်ကျန်ရှိနေမည်ဖြစ်ကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒါဆူဂါက ပြောခဲ့သည်။

အမေရိကန် သမ္မတလောင်းဒေါ်နယ်ထရန့်၏မှတ်ချက်အပေါ်တုံ့ပြန် သောအားဖြင့် ဆူဂါက တနင်္လာနေ့ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ထိုသို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
နယူးယောက်တိုင်းနှင့် တွေ့ဆုံအင်တာဗျူးခန်းတစ်ခုတွင် ထရန့်က အာရှနိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံသည် အမေရိကန်တပ်ဖွဲ့များအပေါ် နေရာထိုင်ခင်းနှင့် အစားအသောက်ပိုင်းဆိုင်ရာ ကုန်ကျစရိတ်များအပေါ် သက်သောင့်သက်သာဖြစ်အောင်မဆောင်ရွက်နိုင်ပါက ၄င်းတို့၏တပ်များကို ဂျပန်နိုင်ငံမှ ပြန်လည်ဆုတ်ခွာသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ထရန့်က ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို နျူကလီးယား လက်နက်များတည်ဆောက်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ သမ္မတလောင်းတစ်ဦးအနေဖြင့် ထိုသို့မှတ်ချက်ပြုခြင်းကို ရှောင်ရှားသင့် ကြောင်း ဆူဂါကပြောခဲ့သည်။ သို့သော်လည်း ဂျပန်-အမေရိကန်မိတ်ဖက် ဆက်ဆံရေးသည် အာရှပစိဖိတ်ဒေသနှင့် ကမ္ဘာကြီးအတွက် အလွန်အရေးပါ ကြောင်း ၄င်းကပြောခဲ့သည်။ (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment