Tuesday, March 29, 2016

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ (၅) နှစ်တာကာလ ကဏ္ဍ အလိုက်ဆောင်ရွက်ချက်များ ဓာတ်ပုံမှတ်တမ်းစာအုပ် ကဏ္ဍစုံစုံလင်လင်ဖြင့် ထွက်ရှိ



 
 
 
 
 
 
နေပြည်တော် မတ် ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ (၅) နှစ်တာကာလအတွင်း ကဏ္ဍအလိုက်ဆောင်ရွက်ချက်များ ဓာတ်ပုံမှတ်တမ်းစာအုပ်ထွက်ရှိလာ သည်။

အဆိုပါစာအုပ်တွင် နိုင်ငံတော်သမ္မတ ကတိသစ္စာပြုခြင်း၊ အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ၊ နိုင်ငံရေး ကဏ္ဍတွင် (က)နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ချက်များ (ခ) နိုင်ငံတော်ဖွံ့ဖြိုးရေးဆောင်ရွက်ချက် များ၊ စီးပွားရေးကဏ္ဍတွင် (က) ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးကဏ္ဍတိုးတက်စေရန် ဆောင်ရွက်ချက်များ (ခ) အထူးစီးပွားရေးဇုန်စီမံကိန်းများ (ဂ) လူမှုစီးပွားဆောင်ရွက်ချက်များ၊ နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် (က)နိုင်ငံတကာကအပ်နှင်းချီးမြှင့်ခဲ့သော ဘွဲ့ထူး၊ ဂုဏ်ထူးများ(ခ) ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့သည့် ခရီးစဉ် များ(ဂ) ပြည်ပနိုင်ငံများမှ လာရောက်တွေ့ဆုံမှုများ၊ အာဆီယံရေးရာဆောင်ရွက်မှုများကဏ္ဍတွင်(က) အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်း(ခ) အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခြင်းတို့ပါရှိပြီး (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုလည်း ကဏ္ဍစုံမှ ဓာတ်ပုံမှတ်တမ်း များနှင့် ဖော်ပြထားသည်။

အဆိုပါစာအုပ်ကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှထုတ်ဝေပြီး တစ်အုပ်လျှင် ငွေကျပ် ၂၅ဝဝဝ ဖြင့် တ-၅၅ သပြေကုန်း စာပေဗိမာန်အရောင်းဆိုင်(နေပြည်တော်) ဖုန်း-ဝ၆၇-၄၁၄၆၈၁၊ အမှတ်-၅၂၉-၅၃၁ ပန်းဆိုးတန်းလမ်းနှင့်ကုန်သည်လမ်းထောင့် စာပေဗိမာန်အရောင်းဆိုင် (ရန်ကုန်) ဖုန်း- ဝ၁-၂၄၉ဝ၃၁၊ ၈၆ လမ်း-၂၁ လမ်းနှင့် ၂၂ လမ်းကြား အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက် စာပေဗိမာန် အရောင်းဆိုင်(မန္တလေး) ဖုန်း-ဝ၂-၃ဝ၁၈၆ တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment