Tuesday, March 29, 2016

ဘာစီလိုနာအတွက် အရည်အချင်းပြည့်ဝသူဟု ထင်မထားကြောင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် ထုတ်ဖော်ပြောကြား




The Mirror Daily's photo.


ဘာစီလိုနာအသင်းမှ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ၎င်းမှာ ဘာစီလိုနာအသင်းအတွက် အရည်အချင်းပြည့်ဝသူတစ်ဦးအဖြစ် ထင်မထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ တိုက်စစ်မှူး ဆွာရက်ဇ် သည် ၂ဝ၁၄ ခုနှစ်အတွင်းက ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းမှ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်သည် ထိုသို့ပြောင်းရွှေ့လာခဲ့ပြီးနောက် တိုက်စစ်မှူး မက်ဆီ၊ တိုက်စစ်မှူး နေမာတို့နှင့်အတူ အတွဲအဖက်မိကာ ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသင်းအား တစ်နှစ်တည်းဆုဖလား သုံးလုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

လက်ရှိဘောလုံးရာသီတွင်လည်း တိုက်စစ်မှူး ဆွာရက်ဇ်သည် သွင်းဂိုး ၄၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး လွန်ခဲ့သည့်ဘောလုံးရာသီကကဲ့သို့ ချန်ပီယံလိဂ်ဖလား၊ စပိန်ကိုပါဒယ်ရေးဖလား၊ လာလီဂါဖလားစသည့် ဖလား သုံးလုံးကို တစ်နှစ်တည်းအရယူပေးရန် အသင့်ရှိနေသူဖြစ်သည်။

သို့ရာတွင် အသက်(၂၉)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆွာရက်ဇ်က ဘာစီလိုနာအသင်းအတွက် တောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်ပြီလားဆိုတာနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်အခြေအနေမှာသာ ရှိနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
''ဘာစီလိုနာအသင်းမှာကစားဖို့ အိပ်မက်တွေ မက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းအတွက် အရည်အချင်းပြည့်ဝတဲ့ ကျောနံပါတ်(၉)ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကတော့ ပြည့်ဝတဲ့ယုံကြည်မှု မရှိသေးပါဘူး''ဟု တိုက်စစ်မှူး ဆွာရက်ဇ်က ဆိုသည်။

ဘာစီလိုနာအသင်းတွင် စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်သည့် မက်ဆီ၊ နေမာနှင့် ဆွာရက်ဇ်တို့ရှိနေခြင်းကြောင့် ယခုနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်းသည် ၂ဝဝ၈ နှင့် ၂ဝ၁၂ အကြား နည်းပြ ဂွါဒီယိုလာ လက်ထက်က နာမည်ကြီးခဲ့သည့် ဘာစီလိုနာအသင်းထက်ပင် ပို၍ကောင်းသည့် အသင်းအဖြစ် အများစုက လက်ခံယုံကြည်ထားကြသည်။
(ငွေကြယ်)

No comments:

Post a Comment