Wednesday, March 30, 2016

ကမ္ဘာလှည့်နိုင်ငံခြားသားများ သာစည်ဘူတာမှရထားဖြင့် ရှမ်းပြည်(တောင်ပိုင်း)သို့ သွားရောက်

The Mirror Daily's photo.
သာစည် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့သည် မီးရထားလမ်းဆုံရာမြို့ ဖြစ်သောကြောင့် ရထားစီးခရီးသည် အဝင်၊အထွက်များသော မြို့ဖြစ်သည်။ အထူးသဖြင့် သာစည်မြို့သည် ရှမ်းပြည်(တောင်ပိုင်း)နှင့် ရထားလမ်းပိုင်းတွင်သာမက ကားလမ်းပါဆက်သွယ် ထားသဖြင့် ကမ္ဘာလှည့်နိုင်ငံခြားသားများ အများဆုံးခေတ္တဝင်ရောက်ရာ စခန်းမြို့လေးဖြစ်သည်။
အထူးသဖြင့် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ပုဂံညောင်ဦးမြို့တို့တွင် ရောက်ရှိနေကြသည့် ကမ္ဘာလှည့်နိုင်ငံခြားသားများသည် ရှမ်းပြည် (တောင်ပိုင်း)ကို ရထားစီး၍မြန်မာနိုင်ငံ၏ တော တောင်သဘာဝလှပမှုများကိုကြည့်ရှုလို၍လည်းကောင်း၊ အင်းလေးဒေသတွင် အင်းသားတို့၏ လူမှုစီးပွားရေးလုပ်ငန်းများနှင့် အင်းလေးကန်၏ ရှုခင်းလှပမှုများကို ခံစားတွေ့ရှိလိုကြ၍ မတ် ၂၈ ရက် နံနက်ပိုင်းတွင် သာစည်ဘူတာသို့ နိုင်ငံခြားသားများ ရောက်ရှိလာကြပြီး သာစည်ဘူတာ မှ သာစည်-ရွှေညောင်၊ သာစည်-ရပ်စောက်စသည့်မီးရထားများဖြင့် ရှမ်းပြည်(တောင်ပိုင်း) သို့ သွားရောက်ကြသည်။
''ဒီနှစ်ပွင့်လင်းရာသီမှာ ရှမ်းပြည်(တောင်ပိုင်း)ကို ရထားစီးပြီးသွားကြတဲ့ ကမ္ဘာလှည့် နိုင်ငံခြားသားတွေများတယ်။ သူတို့က ရထားစီးရင်း တောတောင်သဘာဝအလှအပတွေကိုခံစား ကြည့်ရှုလိုကြတယ်။ ကျွန်တော်တို့ဘူတာရုံလက်မှတ်အရောင်းဌာနအနေနဲ့ နိုင်ငံခြားသား ခရီးသွားတွေစိတ်ချမ်းမြေ့စွာ ရထားစီးနိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးနေ ပါတယ်''ဟု သာစည်ဘူတာရုံလက်မှတ်အရောင်းဌာနမှ လက်မှတ်ရောင်းချုပ် တာဝန်ခံ ဦးသန်းထွန်းကပြောသည်။
မောင်ကို(သာစည်)

No comments:

Post a Comment