Wednesday, March 30, 2016

ရွှေစာရံဘုရားပွဲ လာရောက်လည်ပတ်သောဘုရားဖူးပြည်သူများဖြင့် စည်ကား




The Mirror Daily's photo.


မန္တလေး မတ် ၂၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံ ကျေးရွာအနီးတွင်တည်ရှိသော သမိုင်းဝင်ရွှေစာရံဘုရား ပွဲတော်ကြီးကို နှစ်စဉ် တပေါင်းလပြည့်နေ့မှစ၍ လပြည့် ကျော် ၈ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်မှု များပြားလျက်ရှိသည်။

''ဒီရွှေစာရံဘုရားပွဲကို နှစ်တိုင်းရောက်ဖြစ်ပါတယ်။ ဒီဘုရားပွဲမှာ ရှမ်းပြည်နယ် ဒေသထွက်ကုန်ပစ္စည်းတွေ၊ တိုင်းရင်းဆေးဖက်ဝင် သစ်ဥ၊ သစ်ဖုတွေ၊ ရှမ်းရိုးရာ ဝတ်စုံတွေ ကြိုက်တာဝယ်လို့ရလို့ပါ။ ထန်းရွက်ပုတီးနဲ့ ထန်းရွက်ငါးအရုပ်တွေကတော့ ရွှေစာရံရဲ့သင်္ကေတ တစ်ခုတောင် ပြောလို့ရနေပြီ။ ဒါကြောင့် တစ်မျိုးမဟုတ် တစ်မျိုး နှစ်တိုင်းဝယ်ဖြစ်တယ်။ မျှစ်ချဉ်၊ မျှစ်ခြောက်၊ ကြက်သွန်ဖြူ၊ နနွင်းတက်၊ တရော်ကင်ပွန်းခေါက်၊ တရော်ကင်ပွန်းသီးတွေလည်း ရောင်းကြတယ်၊။ ဝါးခမောက်တို့ ဘူးသီးခြောက်တို့အပြင် မုန့်ခေါင်းအုံး၊ ကရေကရာမုန့် အစရှိတဲ့ ပစ္စည်းတွေလည်း ဝယ်လို့ရတယ်။ ဒေသထွက်ပစ္စည်း စုံစုံလင်လင်ဝယ်လို့ ရတယ်လေ။ နားဋောင်းကျချောင်းဘက်မှာလည်း ငှက်လှေစီးသူတွေ၊ ရေကစားသူတွေနဲ့ ပျော်စရာအရမ်းကောင်းတယ်''ဟု ဘုရားဖူးလာသော ပြည်သူတစ်ဦးက ပြောကြားသည်။

သစ္စာဓိဋ္ဌာန်ရွှေစာရံစေတီတော်ကြီးကို ပုဂံပြည့်ရှင် အနော်ရထာမင်း၏ မိဖုရားတစ်ပါးဖြစ်သူ ရှမ်းမင်းသမီး စောမွန်လှကတည်ထားခဲ့ကြောင်း မှတ်တမ်းများအရ သိရပြီး ရှမ်းလူမျိုးများလာရောက်မှု များပြားသလို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိသည်။ ရွှေစာရံဘုရားပွဲနှင့် ထန်းရွက်ပုတီးလေးများသည် ခွဲလို့မရသည့်သင်္ကေတတစ်ခုဖြစ်ပြီး ရွှေစာရံစေတီ ဗုဒ္ဓပူဇနိယပွဲတော်(အောင်ပွဲ)အဖြစ် တပေါင်းလပြည့်ကျော် ၉ ရက်နေ့တွင် သံဃာတော်အပါး ၁၈ဝ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment