Wednesday, March 30, 2016

ဥရောပ ယူ-၁၉ ချန်ပီယံရှစ် အုပ်စုပွဲစဉ်တွေလာပြီ


မိုးမြင့်လင်းလက်

ဒီတစ်ပတ်ကြားရက်မှာ နိုင်ငံ တကာ ခြေစမ်းပွဲတွေရော၊ ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲရော၊ ဥရောပ ယူ-၂၁ ပြိုင်ပွဲတွေရော အစုံအလင် ကစားနေကြတာမို့ ကမ္ဘာ့ဘောလုံး ပရိသတ်တွေလည်း ပြိုင်ပွဲတွေကို စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှုအားပေး ခွင့်ရရှိနေပါတယ်။ ဥရောပပြည်တွင်း လိဂ်ပြိုင်ပွဲတွေက လာမယ့်စနေ၊ တနင်္ဂနွေနေ့မှာ ကစားဦးမှာ ဖြစ်လို့ ပွဲကောင်းတွေကလည်း တန်းစီစောင့် ဆိုင်းနေပြန်ပါတယ်။ ဒါ့အပြင် အခု ကြားရက်ဖြစ်တဲ့ မတ်၃ဝရက် ညပိုင်း မှာလည်း ဥရောပ ယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေ ကစားဖို့ ရှိနေတာမို့ အားကောင်းမောင်းသန် လူငယ် သွေးသစ်တွေရဲ့ ယှဉ်ပြိုင်မှု ကို ရှုစားကြရဦးမှာဖြစ်ပါတယ်။

အီတလီနှင့် တူရကီ
ဥရောပ ယူ-၁၉ ချန်ပီယံရှစ်မှာ တော့ အုပ်စု(B)မှာအစ္စရေး၊ အီတလီ၊ ဆွစ်ဇာလန်နဲ့ တူရကီအသင်းတွေ တစ်အုပ်စုတည်း ကျနေပါတယ်။ အခု အီတလီရလဒ်ကောင်းတွေနဲ့ စတင်နိုင်ဖို့ နှစ်သင်းစလုံး အပြိုင် ကြိုးစားကြပါလိမ့်မယ်။ အီတလီ အသင်းကြီးမှာ ပါဝင်ကစားနေတဲ့ လူငယ်အချို့ ပါဝင်နေသလို အနာ ဂတ်မှာ ခြေစွမ်းတောက်ပလာမယ့် ကြယ်ပွင့်တွေ မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။
ဥရောပ ယူ-၁၉ ပွဲစဉ်သမိုင်းမှာ ဒီ နှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ရလဒ်ကိုကြည့်ရင် ၂ဝ၁၃ ခုနှစ် မေ ၂၄ ရက်က ကစားခဲ့တဲ့ပွဲမှာတော့ တူရကီကွင်းမှာ တူရကီတို့က ငါးဂိုး- တစ်ဂိုးနဲ့ ပြတ်ပြတ်သားသားနိုင်ပွဲရ ယူခဲ့ပါတယ်။ လက်ရှိခြေစွမ်းပိုင်းကို ကြည့်ရင် တူရကီလူငယ်တွေရဲ့ နောက်ဆုံး သုံးပွဲ ကစားခဲ့တဲ့ရလဒ် က နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ထွက်ပေါ်ထား တာမို့ အီတလီအတွက်တော့ ခက်ခဲ တဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာဖြစ် ပါတယ်။ အီတလီလူငယ်တွေက လက်ရှိအချိန်မှာ အကောင်းဆုံး စုဖွဲ့မှုနဲ့အတူ လေ့ကျင့်ပြင်ဆင်မှု ကောင်းကောင်းရရှိထားတဲ့ အနေ အထားရှိနေပါတယ်။ အီတလီလူငယ် တွေရဲ့ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲ ရလဒ်ကိုကြည့်ရင် နိုင်ပွဲတွေအားလုံး ရရှိထားတာမို့ အခုပွဲဟာ အီတလီ လူငယ်တွေအတွက်တာထွက်ကောင်း မယ့် ပွဲပါပဲ။

အစ္စရေးနှင့် ဆွစ်ဇာလန်
အုပ်စု(B)မှာတော့ အစ္စရေးတို့က တောင့်တင်းတဲ့အသင်းအဖြစ် ရပ် တည်နေတာပါ။ ယူ-၂၁ အသင်း အတွက် ကစားနေတဲ့ လူငယ်ကစား သမားအချို့ပါဝင်နေသလို အစ္စရေး အသင်းကြီးအတွက် အရန်ကစား သမား လူငယ်ခြေတက်နှစ်ဦးလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အစ္စရေး တို့က နောက်ဆုံးကစားခဲ့တဲ့ ပွဲရလဒ် ကိုကြည့်ရင် နိုင်ပွဲတစ်ပွဲသာ ရရှိထား ပြီး သရေနှစ်ပွဲ ဖြစ်ထားပါတယ်။ ဆွစ်ဇာလန် လူငယ်တွေကတော့ ခြေစွမ်းထက်မြက်တဲ့ ကစားသမား တွေကို စနစ်တကျ စုဖွဲ့ထားပြီး ဒီနှစ် မှာ မှတ်တမ်းကောင်း ရေးထိုးနိုင်ဖို့ မျှော်မှန်းနေတဲ့အသင်းဖြစ်ပါတယ်။ ဆွစ်ဇာလန် လူငယ်တွေရဲ့ နောက် ဆုံးသုံးပွဲ ကစားခဲ့တဲ့ ရလဒ်ကိုကြည့် ရင်တော့ ရှုံးပွဲမရှိခဲ့ပါဘူး။ အသင်း လိုက် လျင်လျင်မြန်မြန်နဲ့ ကစားနိုင် ပြီး လူငယ်တိုက်စစ်မှူးတွေရဲ့ နေရာ ယူမှု၊ ထိုးဖောက်နိုင်မှုနဲ့ လျင်မြန်မှု တွေကြောင့် အစ္စရေးတို့အတွက် ခက်ခဲစေမယ့်ပွဲပါပဲ။ အစ္စရေး တိုက် စစ်မှူးတွေက အဆုံးသတ်ပိုင်း လိုအပ်ချက်တွေရှိနေဆဲဖြစ်တဲ့အပြင် ဆွစ်ဇာလန် လူငယ်တွေရဲ့ ခံစစ် ကြောင်းကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ တော်ရုံအားထုတ်လို့ မရနိုင်ပါဘူး။ အစ္စရေးနဲ့ ဆွစ်ဇာလန်တို့ရဲ့ နောက် ဆုံးတွေ့ဆုံခဲ့တဲ့ ၂ဝ၁၄ ခုနှစ် မေ ၂၇ ရက်က ပွဲရလဒ်မှာတော့ အစ္စရေးတို့ က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲရထားခဲ့ပါ တယ်။

အခုပွဲမှာတော့ ဆွစ်ဇာလန်တို့က တစ်သင်းလုံး ဟန်ချက်ညီနေပြီးပုံစံ ကောင်းလည်းရရှိနေတာမို့ အစ္စရေး နဲ့ ရှုံးကြွေးကို ဒီပွဲမှာပြန်ဆပ်ပြီး အနိုင် ရလဒ်ကို ထွေးပိုက်နိုင်ဖို့ ခြေကုန် ထုတ်ပါလိမ့်မယ်။ ။

No comments:

Post a Comment