Wednesday, March 30, 2016

ထိုင်းနိုင်ငံတပ်ခ်ခရိုင်အထူးစီးပွားရေးကုန်သွယ်မှုအသင်းမှစီးပွားရေးလုပ်ငန်းရှင်များလာရောက်လည်ပတ်


နေပြည်တော် မတ် ၂၉

အာဆီယံစီးပွားရေး အသိုက် အဝန်း (AEC)ကို ကြိုဆိုသောအား ဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား ကုန်သွယ်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရန်အတွက် ထိုင်းနိုင်ငံတပ်ခ်ခရိုင် အထူးစီးပွားရေးကုန်သွယ်မှုအသင်း သည် မြန်မာနိုင်ငံ မြဝတီနယ်စပ်ကုန် သွယ်ရေးကုန်သည်များအသင်း၊ မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းတို့နှင့် မော်လမြိုင်၊ ဘားအံမြို့တို့တွင် တွေ့ဆုံကာ CARAVAN AEC BIZ CLUB THAILAND & MYANMARခရီးစဉ်အစီအစဉ်ကို မတ် ၂၅ ရက်က စတင်၍ မြဝတီ၊ မော်လမြိုင်၊ ကျိုက် ထီးရိုး၊ ဘားအံမြို့များသို့ သွားရောက် ပြီး မတ် ၂၈ ရက်တွင် မြဝတီမြို့မှမဲဆောက်မြို့သို့ ပြန်လည်ထွက်ခွာ သွားသည်။

ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အထူး စီးပွားရေးကုန်သွယ်မှုအသင်းမှ ထိုင်း စီးပွားရေးလုပ်ငန်းရှင် ၉ဝ သည် ၄င်းတို့၏မော်တော်ယာဉ် ၂ဝ ဖြင့် မဲဆောက်မြို့ CENTARA ဟိုတယ် ၌ မတ်၂၄ ရက် ညနေပိုင်းက စုစည်း ရောက်ရှိပြီး မတ် ၂၅ ရက် ထိုင်း စံတော်ချိန် နံနက် ၇ တွင် စတင် ထွက်ခွာလာရာ နှစ်နိုင်ငံချစ်ကြည် ရေးတံတားသို့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ရောက်ရှိပြီး အာရှလမ်းဆုံ၌ နံနက် ၉ နာရီခွဲတွင် ARAVAN AEC BIZ CLUB THAILAND & MYANMAR ခရီးစဉ်ကို ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန၊ ညွှန်ကြား ရေးမှူး ဦးမြင့်ထွေးနှင့် တပ်ခ်ခရိုင် အထူးစီးပွားရေးကုန်သွယ်မှုအသင်း ဥက္ကဋ္ဌ Mr.Amnart Nantaharn က ဖွင့်လှစ်ပေးပြီး မော်လမြိုင်မြို့သို့ ထွက်ခွာလာရာ မွန်းလွဲ ၂ နာရီတွင် ရောက်ရှိသည်။ 

ဆက်လက်၍ မော်လမြိုင်မြို့ မွန်ပြည်နယ်ခန်းမ၌ နှစ်နိုင်ငံ ကုန်စည်ပြပွဲအခမ်းအနား ဖွင့်ပွဲ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး၊ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ခင်မောင်သွင်၊ စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဦးမြင့်ထွေး၊ မွန်ပြည်နယ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးလှရှိန်၊ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အထူးစီးပွားရေးဇုန် ကုန်သွယ်မှု အသင်းဥက္ကဋ္ဌ Mr.Amnart Nantaharn တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

ထို့နောက် မွန်ပြည်နယ် ကုန်သည်ကြီးများအသင်း၊ ကရင် ပြည်နယ်ကုန်သည်ကြီးများအသင်း နှင့် တပ်ခ်ခရိုင်အထူးစီးပွားရေးဇုန်ကုန်သွယ်မှုအသင်းတို့သည် ကုန်စည် ပြပွဲကို လေ့လာခြင်း၊ ကုမ္ပဏီ အချင်းချင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ကြပြီး ကုန်သွယ်မှု နှစ်ဖက်နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြကာ ညနေပိုင်း တွင် ဆန်းရှိုင်းဟိုတယ်နှင့် ငွေမိုး ဟိုတယ်တို့၌ ညအိပ်ရပ်နားကြ သည်။ မတ် ၂၆ ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လန်ဘုရား အား ဖူးမြော်ကြည်ညိုကာ မော်လမြိုင် ဈေးတို့ကို လှည့်လည်လေ့လာ ကြပြီး၊ နေ့လယ်ပိုင်းတွင် ကျိုက်ထီးရိုး သို့ ဆက်လက်ထွက်ခွာလာရာ ညနေ ပိုင်းတွင် ရောက်ရှိ၍ ကျိုက်ထီးရိုး ဘုရားအား လှည့်လည်ဖူးမြော် ကြည်ညိုကာ ရိုးရိုးလေးဟိုတယ်၌ ညအိပ်ရပ်နားကြသည်။

တပ်ခ်ခရိုင် အထူးစီးပွားရေးဇုန် ကုန်သွယ်မှုအသင်းသည် မတ် ၂၇ ရက် နံနက်ပိုင်းက ကျိုက်ထီးရိုးမှ ပြန်လည်ထွက်ခွာပြီး ကော့ကွန်းဂူသို့ ဝင်ရောက်လေ့လာကာ ဘားအံမြို့သို့ နေ့လယ်ပိုင်းတွင် ရောက်ရှိပြီး သီရိ ဘားအံဟိုတယ်၌ ရပ်နားကြသည်။
မတ် ၂၈ ရက် နံနက်ပိုင်းတွင် တည်းခိုရာဟိုတယ်မှ ထွက်ခွာပြီး ကျောက်ကလပ်ဘုရားသို့ ဝင်ရောက် ဖူးမြော်ကြည်ညိုခြင်း၊ ဇွဲကပင်တောင် ခြေရှိ လုမ္ဗိနီဥယျာဉ်တို့ကို ဝင်ရောက် လေ့လာကာ မွန်းလွဲ ၁ နာရီခွဲတွင် မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အထူး စီးပွားရေးဇုန် ကုန်သွယ်မှုအသင်း သည် မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့် ရှည်တည်တံ့ခိုင်မြဲရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း များအတွက် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးနိုင်ခဲ့ကြကြောင်း သိရ သည်။ (သတင်းစဉ်)

No comments:

Post a Comment