Wednesday, March 30, 2016

ကော့သောင်းခရိုင်တွင် ၂ဝ၁၆ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲများ ကျင်းပ

The Mirror Daily's photo.
ကော့သောင်း မတ် ၂၉
ကော့သောင်းခရိုင် ၂ဝ၁၆ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၂၇ ရက် နံနက် ၉ နာရီက ခရိုင်အားကစားခန်းမ၌ ကျင်းပရာ ကော့သောင်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးစောမြင့်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာ သင်တန်းဆင်းအားကစားနည်းများဖြစ်သည့် ဂျူဒို၊ ကရာတေး၊ ဝူရှူး၊ မြန်မာ့သိုင်းနှင့် မြန်မာ့ရိုးရာခြင်းလုံး သင်တန်းဆင်း သင်တန်းသားများက အဖွဲ့အလိုက် စွမ်းရည်ပြ သရုပ်ဖော်ကစားကြပြီး တာဝန်ရှိသူများက အားကစားအမျိုးအစားအလိုက် ပြိုင်ပွဲများတွင် ထူးချွန်ဆုရ အားကစားသင်တန်းသား၊ သင်တန်းသူများအား ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်အဆင့် စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများတွင် နိုင်ငံတကာအားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဘောလီဘော၊ မြန်မာ့ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ဝူရှူး၊ ကရာတေးနှင့် မြန်မာ့သိုင်းအားကစားနည်းများအား နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျကျွမ်းကျင်စွာ တတ်မြောက်ပြီး နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အားကစားသမားမျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီမှ ကျွမ်းကျင်သင်တန်းနည်းပြဆရာများက သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း-ပြန်/ဆက်)

No comments:

Post a Comment