Wednesday, March 30, 2016

မြို့တွင်းလမ်းများတွင် ယာဉ်အရှိန်လျှော့ချမောင်းနှင်ပါက ယာဉ်တိုက်မှုများလျော့နည်းနိုင်




The Mirror Daily's photo.


ရေတာရှည် မတ် ၂၉

ကုန်စည်စီးဆင်းမှု မြင့်မားတိုးတက် လာသည်နှင့်အမျှ ရန်ကုန်-မန္တလေး ကားလမ်းတစ်လျှောက် ယာဉ်အသွား အလာများပြားကာ မြို့တွင်းလမ်းများတွင် အရှိန်မြှင့် မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆမှုများပြားလာသည် ကိုတွေ့ရှိနေရသည်။ ရန်ကုန်-မန္တလေး ကားလမ်းတစ်လျှောက် ကုန်တင်ယာဉ် အမျိုးအစားလိုက် (၂၂)ဘီးထွေလာ၊ (၁၈)ဘီးကုန်တင်ယာဉ်၊ (၁၂)ဘီးကုန် တင်ယာဉ်၊ ခြောက်ဘီးကုန်တင်ယာဉ်များကို အသုံးပြုလျက်ရှိပြီး ယာဉ်မတော်တဆမှုများတွင်(၂၂)ဘီးထွေ လာကုန်တင်ယာဉ်များမှာ အများဆုံး ဖြစ်ပွားလျက်ရှိကြောင်း ရဲစခန်းများ၏မှုခင်းမှတ်တမ်းများအရ သိရသည်။ တောင်ငူခရိုင်မြို့နယ် ခြောက်မြို့နယ်တွင် ဇန်နဝါရီလမှ မတ်လအထိ ယာဉ်တိုက်မှုပေါင်း ၁၁၅ မှု ဖြစ်ပွားခဲ့ပြီး အများဆုံးမှာ ထွေလာကုန်တင်ယာဉ် ကြီးများကြောင့်ဖြစ်သည်။ ယာဉ်မောင်းများငယ်ရွယ်လွန်းခြင်း၊ အရက်သေစာသောက်စား မောင်းနှင်ခြင်းအပြင် စိတ်ဆန္ဒစောခြင်းများကြောင့်လည်း ဖြစ်ပွားရခြင်းဖြစ်ကြောင်း ယာဉ်မှုစစ်တစ်ဦးက ပြောကြားသည်။

နွေကာလ ပူပြင်းလွန်းသည့်အချိန်များတွင် အပူရှိန်ကြောင့် ဝါယာရှော့ခ် ဖြစ်ပွားနိုင်ခြင်းနှင့် တာယာများပွင့် ထွက်ခြင်းမှကာကွယ်နိုင်ရန် နံနက်ပိုင်းအစော၊ ညပိုင်းများတွင် ယာဉ်အများအပြားသွားလာသည့်အတွက် ကားလမ်း၏ အကျယ်အဝန်းနှင့် ယာဉ်စီးရေမမျှတခြင်းကြောင့်လည်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်း၏ အဓိကအချက်ဖြစ်ကြောင်း ၎င်းက ပင်ဆက်၍ ပြောသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment