Wednesday, March 30, 2016

ညောင်ရွှေပြည်သူ့ဆေးရုံ၌ သန့်ရှင်းသောသောက်သုံးရေရရှိ

The Mirror Daily's photo.
ညောင်ရွှေ မတ် ၂၉
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် မြန်မာ နိုင်ငံအနှံ့အပြားရှိ ရေရှားပါးသော ဒေသများနှင့် ရေတူးဖော်ရန် ခက်ခဲသောဒေသများတွင် အဝီစိစက် ရေတွင်းများ တူးဖော်လှူဒါန်းပေးခြင်း၊ ရေရှားပါးသည့် ဒေသအရောက် ရေဖြန့်ဝေသယ်ဆောင်လှူဒါန်းပေးခြင်းနှင့် ရေကန်များ၊ ဆည်များ ပြန်လည်ပြုပြင်ပေးခြင်း စသည့်ကဏ္ဍသုံးရပ်ကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ ပြည်သူ့ဆေးရုံ စက်ရေတွင်းမှ ယနေ့တွင် ၄ဝ၅ ပေ အရောက်၌ ရေဂါလန် ခန့်မှန်း ၂ဝဝဝ ခန့်ဖြင့် စက်ရေတွင်း တူးဖော်အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြည်သူ့ဆေးရုံကြီးသည် ညောင်ရွှေမြို့သာမက အနီးပတ်ဝန်း ကျင်ဒေသများအတွက်ပါ အားထားရသော ပြည်သူ့ဆေးရုံတစ်ရုံဖြစ်ပြီး သုံးစွဲရန် ရေချိုအခက်အခဲရှိနေရာ ယခုကဲ့သို့ ရေချိုများ အောင်မြင်စွာ ထွက်ရှိလာသဖြင့် လူနာများသာမက ဆေးရုံဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိနေကြသည်။ ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် စက်ရေတွင်းများတူးဖော် လှူဒါန်းမှုအတွက် ယနေ့အထိ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းကျော် အကုန်အကျခံကာ သုံးစွဲ လှူဒါန်းခဲ့သဖြင့် ၂ဝ၁၅ ခုနှစ် မေ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်နှင့် ပြည်သူအတွက် လူမှု အကျိုးပြုဆိုင်ရာ အကောင်းဆုံးလူမှု ရေးအသင်းအဖွဲ့အဖြစ် နိုင်ငံ့စွမ်း ဆောင်ရည်ဆုကို လည်းကောင်း၊ ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁၄ ရက် တွင် အင်္ဂလန်နိုင်ငံ လန်ဒန်အခြေစိုက် Euro Money အဖွဲ့အစည်း၏ နိုင်ငံအသီးသီးမှ ၁ဝ ဆုသာ ရွေးချယ် ပေးအပ်ချီးမြှင့်သော လူမှုရေးအကျိုး ပြုလုပ်ငန်းဆိုင်ရာ Euro Money Achievement Award for Corporate Social Responsibility (CSR) ဆုတို့ကိုရရှိခဲ့ကြောင်း သိရသည်။
(အောင်ထွန်း)

No comments:

Post a Comment