Wednesday, March 30, 2016

အသက် (၃ဝ) ပြည့်မွေးနေ့ပါတီပွဲ ဆင်နွှဲခဲ့တဲ့ လေဒီဂါဂါ



The Mirror Daily's photo.

ပေါ့ပ်အဆိုတော် လေဒီဂါဂါက ပြီးခဲ့တဲ့ မတ် ၂၈ ရက်မှာ ကျရောက် ခဲ့တဲ့သူ့ရဲ့အသက် (၃ဝ)ပြည့် မွေးနေ့ ပါတီကို ဟောလိဝုဒ် အကျော်အမော် တွေနဲ့အတူ ဆင်နွှဲခဲ့ကြောင်း အေ့စ်ရှိုး ဘစ်ဇ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ရက်က လေဒီဂါဂါ က လော့စ်အန်ဂျလိစ်က နိုက်ကလပ်တစ်ခုမှာ တေလာဆွစ်၊ နစ်ခ်ဂျိုးနက် စတဲ့ ဟောလိဝုဒ်ရဲ့ ထိပ်တန်း အနုပညာရှင်တွေနဲ့အတူ မွေးနေ့ ပါတီကို ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပါတီပွဲကို လေဒီဂါဂါရဲ့ချစ်သူ တေလာကင်နေလည်း အတူတက် ရောက်ခဲ့တယ်လို့ သိရပါတယ်။

ယင်းပါတီပွဲညမှာ လေဒီဂါဂါ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို ပြင်သစ်ဒီဇိုင်နာ ဟေဒီစလင်မင်းက ဖန်တီးခဲ့ကာ ဂါဂါအတွက် လက်ဆောင်အဖြစ်ပေးအပ် ခဲ့တာဖြစ်ပြီး ဟေဒီကို ဝတ်စုံအတွက် ကျေးဇူးတင်ရှိကြောင်း ဂါဂါက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment