မင်းတပ် ဖေဖော်ဝါရီ ၂၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် တွင် ကျင်းပသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်ခဲ့သည့် မင်းတပ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁ဝ နာရီခွဲတွင် မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
ယင်းအခမ်းအနားတွင် မင်းတပ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီးနောက် ဥက္ကဋ္ဌမှ ရွေးကောက်ပွဲကာလတွင် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment