Tuesday, March 1, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ



The Mirror Daily's photo.


နေပြည်တော် ဖေဖော်ဝါရီ ၂၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လျူဘို မီယာဇာအိုရာလက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မြဲရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်၊ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jaroslav Dolecek လည်း တက်ရောက်သည်။
(သတင်းစဉ်)

No comments:

Post a Comment