Thursday, March 31, 2016

ခိုးထုတ်ဆင်စွယ်များအား ကင်ညာရဲတပ်ဖွဲ့ သိမ်းဆည်းရမိ




The Mirror Daily's photo.


နိုင်ရိုဘီ မတ် ၃ဝ

အမေရိကန်ဒေါ်လာ ၆၄ဝဝဝ တန်ဖိုးရှိ ဆင်စွယ်များအား နိုင်ရိုဘီရှိ ဂျိုမိုကန်ညာတာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကင်ညာလုံခြုံရေးတပ်ဖွဲ့ဝင်များက မတ် ၃ဝ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျောက်စိမ်းတုံးများအဖြစ် အသွင်ယူထားသော အဆိုပါဆင်စွယ်များအား မိုဇမ်ဘစ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာစဉ် လေဆိပ်စစ်ဆေးရေးဂိတ်တွင် စက်ဖြင့်စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့က စစ်ဆေးရေးဂိတ်မှာ စစ်ဆေးလိုက်တော့ ဆင်စွယ် ၁၈ ခုကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်'' ဟု လေဆိပ်မှုခင်းတပ်ဖွဲ့မှူး ဂျိုးဇက်အန်ဂျီဆာက ဆင်ဟွာသို့ပြောကြားသည်။ ဆင်စွယ်များကို မာပူတိုမြို့မှ ဗန်ကောက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် တရားခံကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။ တရားခံများကို ဖမ်းမိသည့်အခါ အပြစ်ပေးနိုင်ရန် မာပူတိုက တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုဖြစ်ရပ်သည် တောရိုင်းတိရစ္ဆန်များရောင်းဝယ်ဖောက်ကားမှု တားဆီးရေးကြေညာချက် တစ်ရပ်အား လက်မှတ်ရေးထိုးကြောင်း ကင်ညာလေကြောင်းမှ ကြေညာပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဆင်ဟွာ။

No comments:

Post a Comment