Tuesday, March 1, 2016

၂၀၁၆ အော်စတာဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင်ဆုကို လီယိုနာဒို ဒီကာပရီယိုရရှိ


Myanmaalinn's photo.
 လော့အိန်ဂျလစ် ဖေဖော်ဝါရီ ၂၉

တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် (၈၈)ကြိမ်မြောက် အော်စကာဆုပေးပွဲ ကြီးတွင် အကောင်းဆုံးရုပ်ရှင်ဇာတ် ကားဆုကို '' Spotlight '' အမည်ရှိ ဇာတ်ကားရရှိသည်။
အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်း ဆုကို ''The Revenant '' ဇာတ်ကား ဖြင့် မက္ကဆီကိုမှ အလီဂျန်ဒရိုအိနာရစ် သူက ဆွတ်ခူးခဲ့သည်။ ၄င်းသည် ၂ဝ၁၅ ခုနှစ် ဆုပေးပွဲတွင်လည်း '' Birdman '' ရုပ်ရှင်ဇာတ်ကားဖြင့် ဆုရရှိခဲ့ဖူးသည်ဖြစ်ရာ နှစ်ပေါင်း ၆ဝကျော် ကာလအတွင်း အကယ်ဒမီ ထူးချွန်ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်သည့် ပထမဆုံးသော ရုပ်ရှင်ထုတ်လုပ်သူ ဖြစ်လာခဲ့ သည်။
''The Revenant '' ရုပ်ရှင် ဇာတ်ကားသည် ရွှေကမ္ဘာလုံးဆုနှင့် BAFTA(ဘတ်ဖ်တာ) ဆုဖလားများ ရရှိခဲ့ပြီးနောက် အကောင်းဆုံးသော ဆန်ခါတင် ရုပ်ရှင်ဇာတ်ကားလေး ကားတွင် ပါဝင်ခဲ့သည်။
အဆိုပါ ''The Revenant '' ဇာတ်ကားဖြင့်ပင် သရုပ် ဆောင်လီယိုနာဒိုဒီကာပရီယိုသည် အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင် ဆုကို ရရှိခဲ့သည်။ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ''Room '' ဇာတ်ကားဖြင့် ဘရီလာဆန်က ရရှိခဲ့သည်။
''Spotlight '' ရုပ်ရှင်ဇာတ်ကား သည် ၂ဝဝ၃ ခုနှစ်က ပူလစ်ဇာဆု ရရှိခဲ့သည့် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုကို ကက်သလစ် ဘုန်းတော်ကြီးများက စုံစမ်းဖော်ထုတ်ခဲ့မှုအပေါ် အခြေခံ ရိုက်ကူးထားခြင်းဖြစ်သည်။

(ရိုက်တာ)

No comments:

Post a Comment