ဘာစီလိုနာအသင်းသည် ဆီဗီလာအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့ပြီးနောက် စပိန်နိုင်ငံ၏ သမိုင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း တင်ထားခဲ့သည့်(၃၄)ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို လိုက်မီခဲ့ပြီဖြစ်သည်။ အကယ်၍ ဘာစီလိုနာအသင်းသည် လာမည့်မတ် ၃ ရက် ဗက်လက်ကာနိုအား အနိုင်ရရှိခဲ့လျှင် ရီးယဲလ်မက်ဒရစ် တင်ထားခဲ့သည့် စံချိန်အား ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ယင်းပွဲစဉ်တွင် ဘာစီလိုနာ၏ သွင်းဂိုးများကို မက်ဆီနှင့် ပီကေးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ယခုနိုင်ပွဲကြောင့် ဘာစီလိုနာသည် ဒုတိယနေရာမှ အက်သလက်တီကိုအား ရှစ်မှတ်ဖြတ်ကာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ဆီဗီလာသည် ဘာစီလိုနာအား အနိုင်ရအောင်ကစားနိုင်ခဲ့သည့် နောက်ဆုံးအသင်းဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ရှုံးနိမ့်ပြီးနောက် ဘာစီလိုနာမှာ (၂၇)ပွဲအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ရာ အင်းနရစ်က ၁၉၈၈-၈၉ ဘောလုံးရာသီ ရီးယဲလ်မက်ဒရစ်တင်ထားသော (၃၄)ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ဗက်လက်ကာနိုနှင့် ပွဲစဉ်တွင် ချိုးဖျက်နိုင်ရန် ပစ်မှတ်ထားလာခြင်းဖြစ်သည်။
မေလဲ့သင်း - ရေးသားသည်
No comments:
Post a Comment