မန်ယူနည်းပြ ဗန်ဟားလ်က အာဆင်နယ်တောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်၏ ဟန်ဆောင်အပြုအမူကို ကွင်းဘေးစည်းတွင် အမူအယာပြ လိုက်လံလုပ်ဆောင်ပြခဲ့သည့် သူ၏အပြုအမူမှာ မှားယွင်းခဲ့ကြောင်း ပြန်လည်တောင်းပန်ခဲ့သည်။ ဗန်ဟားလ်သည် မန်ယူက အာဆင်နယ်အား သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ် ကစားနေချိန်အတွင်း စတုတ္ထဒိုင်၏ အနီးသို့သွားရောက်ကာ ယင်းအပြုအမူကို လုပ်ဆောင်ပြခဲ့ခြင်းဖြစ်သည်။
''ဒါက ဒိုင်လူကြီး၊ စည်းကြပ်ဒိုင်၊ စတုတ္ထဒိုင်တွေအားလုံးကို ခက်ခဲစေခဲ့ပါတယ်။ ဒီလိုပြုလုပ်ပြီးနောက် ခုံပေါ်မှာ ကျွန်တော်ပြန်ထိုင်နေစဉ်မှာ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်''ဟု ဗန်ဟားလ်က ပြောကြားလိုက်သည်။
သို့သော် ဗန်ဟားလ်က စိတ်ခံစားမှုပြင်းထန်နေသည့် အချိန်တွင် မသင့်လျော်သည့်အပြုအမူတစ်ရပ်ကို လုပ်ဆောင်ပြမိခဲ့ခြင်းဖြစ်ပြီး ပရိသတ်များအနေဖြင့် အတုယူမမှားစေလိုကြောင်း ဝန်ခံပြောကြားလိုက်သည်။
မေလဲ့သင်း - ရေးသားသည်
No comments:
Post a Comment