Wednesday, March 30, 2016

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ရန် ဒေါက်တာမြင့်နိုင်အား လွှတ်တော်အတည်ပြု




စစ်ကိုင်း မတ် ၂၉ 

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်း အဝေး သတ္တမနေ့အခမ်းအနားကို မတ် ၂၉ ရက် နံနက် ၁ဝ နာရီက တိုင်း ဒေသကြီး လွှတ်တော်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံထားရသူက အဆိုပြုထားသည့် ရွှေဘိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြင့်နိုင်အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ရန် တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ကြေညာသည်။
တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီး ပြန်/ဆက်)

No comments:

Post a Comment