Wednesday, March 30, 2016

မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒေါက်တာအောင်မိုးညိုအား ခန့်အပ်ရန် လွှတ်တော်အတည်ပြု



 




မကွေး မတ် ၂၉

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပွင့်ဖြူမဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာအောင်မိုးညိုအား ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသည့်အတွက် လွှတ်တော်၏ သဘောတူညီချက်ကို ရယူကာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာပြီး ၎င်း၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ တိုင်းဒေသကြီး လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ပွင့်ဖြူမဲဆန္ဒနယ် အမှတ် (၁)မှ ဒေါက်တာအောင်မိုးညိုက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်း အဝေးကို မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment