Tuesday, March 1, 2016

ဟဲနုရွာချောင်းကူး အာစီကွန်ကရစ်တံတားတည်ဆောက်၊ ယာယီကွင်းလမ်းတံတားဆောင်ရွက်ပေးရန်လိုအပ်



The Mirror Daily's photo.
မော်လူး ဖေဖော်ဝါရီ ၂၉

အင်းတော်မြို့နယ် မော်လူးအုပ်စု ဟဲနုရွာ ဟဲနုချောင်းအာစီကွန်ကရစ် တံတားအသစ်တည်ဆောက်လျက်ရှိရာ ဒေသခံများ၊ ခရီးသွားမော်တော်ယာဉ် များက ယာယီကွင်းလမ်းမှသွားလာရာတွင် နေ့စဉ်အခက်အခဲနှင့်ကြုံတွေ့ နေရသဖြင့် အဆိုပါ ချောင်းအတက်အဆင်းကို ပြုပြင်ပေးရန်နှင့် ယာယီကွင်းလမ်းတံတား ဆောင်ရွက်ပေးပါက ဆက်သွယ်သွားလာရေးအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟဲနုရွာဒေသခံတစ်ဦးက ''ကျွန်တော်တို့ရွာက အခုအသစ်ဆောက်လုပ်နေ တဲ့ အာစီကွန်ကရစ်တံတားဘေးချောင်း အတက်၊ အဆင်း ယာယီကွင်းလမ်း မှာနေ့စဉ်ဖြတ်သန်းနေကြတဲ့ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေ၊ နွားလှည်း တွေ သွားလာရတာအခက်အခဲဖြစ်နေပါတယ်။ ကားကြီးတွေဖြတ်ရင် ရေကပါလာတော့ လမ်းအတက်အဆင်းတွေ ခဏခဏပျက်ပါတယ်။ ဒါကြောင့် ယာယီကွင်းလမ်းကိုတံတားခင်းလိုက်ရင် လမ်းလည်းမပျက်နိုင်သလို ယာဉ် အတက်အဆင်းခရီးသွားလာသူတွေအတွက် အားလုံး အဆင်ပြေသွားမှာပါ''ဟု ပြောသည်။

ဟဲနုချောင်းအာစီကွန်ကရစ်တံတားကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တံတားအထူးအဖွဲ့(၄)မှကြီးကြပ်ကာ ထိုက်စင်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျား ပေ ၁၂ဝ၊ အကျယ် ၃၁ ပေ၊ အမြင့် ၂၃ ပေရှိသော အဆိုပါတံတားမှာ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမ ကြီးပေါ်ရှိ တံတားအမှတ်(၅/၁၆၃)တွင် တည်ရှိပြီး အထက်မြန်မာပြည်၏ အဓိက ကုန်စည်စီးဆင်းဖြတ်သန်းရာ အရေးပါသော တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။
(ဝ၅၈)

No comments:

Post a Comment