Wednesday, March 30, 2016

အင်္ဂလန်အသင်းတွေစိတ်ဝင်စားနေတဲ့ အီဘရာဟီမိုဗစ်


ကောင်းမြတ်သူ-စုစည်းသည်

ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီမှ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီ မိုဗစ်က ပရီမီယာလိဂ်အသင်းတွေဟာ သူ့ကို စာချုပ်ဖို့ စိတ်ဝင်စား နေတယ်လို့ ဆိုပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိတဲ့ အီဘရာဟီမိုဗစ် ဟာ ဒီနှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါ တယ်။ သူ့ကို မန်ယူ၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ အီဘရာဟီမိုဗစ်ဟာ ဥရောပ လေးနိုင်ငံက ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ သူဟာ ရာစုနှစ်အစမှာ အိုင်းယက်စ်အသင်းကို ဒက်ခ်ျဖလား နှစ်လုံး ဆွတ်ခူးပေးနိုင်ခဲ့သလို ဂျူဗင်တပ်စ်နဲ့လည်း စီးရီးအေဖလား နှစ်လုံး ရယူပေးနိုင်ခဲ့ပါတယ်။ သူဟာ ၂ဝ၁ဝ-၂ဝ၁၁ က စီးရီးအေသို့ ပြန်လာပြီး အေစီမီလန်အသင်းကို ၄င်း၏ ရှစ်လုံးမြောက်ဖလား မဆွတ်ခူးပေးမီ စပိန်မှာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
၂ဝ၁၁-၂ဝ၁၂ မှာ မီလန်မှာ ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ပြင်သစ် ကလပ် ပီအက်စ်ဂျီသို့ ပြောင်းခဲ့ရာမှာ ပြင်သစ်လီဂူးဖလား လေး လုံး ဆက်တိုက်ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

No comments:

Post a Comment