Monday, February 1, 2016

၂ဝ၁၆ခုနှစ်အတွကScreen Actors Guild Awards ဆုပေးပွဲကျင်းပ


The Mirror Daily's photo.
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟောလိဝုဒ်ရဲ့ အနုပညာနဲ့ပတ်သက်တဲ့ ဆုပေးပွဲ တစ်ခုဖြစ်တဲ့"Screen Actors Guild Awards"ကို ပြီးခဲ့တဲ့ စနေနေ့ (ဇန်နဝါရီ ၃ဝ)က ကျင်းပခဲ့ရာ ရုပ်ရှင်နဲ့ အနုပညာဖန်တီးမှုပိုင်းမှာ ထူးချွန်တဲ့အနုပညာရှင် တွေနဲ့ အနုပညာလက်ရာတွေကို ရွေးချယ်ပြီး ဆုပေးအပ်ခဲ့ပါတယ်။ အဲဒီလိုဆု ရွေးချယ် ပေးအပ်ရာမှာ လူဖြူအနုပညာရှင်တွေသာမက လူမည်းအနုပညာရှင် တွေကိုလည်း ဆုရွေးချယ်ပေးခဲ့တာကြောင့် အသားအရောင်ခွဲခြားမှုမရှိတဲ့ ဆုပေးပွဲရယ်လို့ ကောက်ချက်ချမှုတွေ ရှိနေပါတယ်။ ယခုဆုပေးပွဲကြီးနဲ့မတူဘဲ အော်စကာ ဆုပေးပွဲကြီးကတော့ ဆုလျာထားစာရင်းတွေထွက်ပေါ်လာတဲ့ အချိန်မှာ လူမည်းအနုပညာရှင်တွေဟာ ဆုလျာထားခံရတာမရှိတဲ့အတွက် အသားအရောင်ခွဲခြားတယ်လို့ စွပ်စွဲပြောဆိုခံခဲ့ရပါတယ်။
ယခုကျင်းပခဲ့တဲ့ "Screen Actors Guild Awards" ဆုပေးပွဲကြီးမှာ ရုပ်သံရုပ်ရှင်တွေအတွက် ထူးချွန်အမျိုးသားဇာတ်ပို့ဆုကို လူမည်း သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အိုင်းဒ်ရစ်အယ်လ်ဘာက ရရှိခဲ့ပြီး ဖျော်ဖြေတင်ဆက်မှု ထူးချွန်ဆု (အမျိုးသမီး)ကိုလည်း လူမည်းတစ်ဦးဖြစ်တဲ့ ကွင်းလက်တီဖာက ရရှိခဲ့ပါတယ်။
အခြားသောရုပ်ရှင်ထူးချွန်ဆုရရှိခဲ့သူတွေကတော့ "The Revenant" ရုပ်ရှင်နဲ့ ထူးချွန်အမျိုးသားဇာတ်ဆောင်ဆုကို မင်းသားလီယိုနာဒိုဒီကာပရီယိုက ရရှိခဲ့ပြီး "Room"ရုပ်ရှင်နဲ့ ထူးချွန်အမျိုးသမီးဇာတ်ဆောင်ဆုကို မင်းသမီး ဘာရီလာဆန်က ဆွတ်ခူးခဲ့ပါတယ်။
ဇာတ်ပို့ဆုရရှိခဲ့တဲ့ သရုပ်ဆောင်တွေကတော့ "Beats of No Nations" ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ မင်းသား အိုင်းဒ်ရစ်အယ်လ်ဘာနဲ့ "The Danish Girl" ရုပ်ရှင်မှာ ပါဝင်တဲ့ အလီရှာဗီကတ်ဒါတို့ပဲ ဖြစ်ကြပါတယ်။ အခြားသောအနုပညာနဲ့ပတ်သက်တဲ့ဆုတွေကိုလည်း ချီးမြှင့်ခဲ့ပြီး ယခုနှစ်မှာ ပေးအပ်ခဲ့တဲ့ဆုပေါင်း ၁၆ ဆုရှိခဲ့ပါတယ်။
အဆိုပါဆုပေးပွဲကြီးကို ၁၉၉၅ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် ၂၂ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

No comments:

Post a Comment