Monday, February 1, 2016

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတွင် မီးချောင်းအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား




ရန်ကုန် ဇန်နဝါရီ ၃၁


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏ (၂၉) ရပ်ကွက် မင်းဒင် (၃) လမ်းတွင် ဇန်နဝါရီ ၃ဝ ရက် နံနက် ၁ နာရီ မိနစ် ၅ဝ ခန့်က မီးချောင်းအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ အဆိုပါလမ်းရှိ အိမ်ရှင် ဒေါ်မော်မော်အောင်၏RC နှစ်ထပ် တိုက်အပေါ်ထပ်ရှိ ဘုရားစင်တွင် တပ်ဆင် ထားသော တစ်ပေမီးချောင်း အပူလွန်ကဲပြီး မျက်နှာကြက်သို့ မီးကူးစက်ရာမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။


မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ ကွပ်ကဲမှုယာဉ် သုံးစီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းသွားသည်။


မီးလောင်မှုကြောင့် အဆောက်အအုံ အပေါ် ထပ်နှင့် အတွင်းပစ္စည်းများ မီးလောင်ကျွမ်း ခဲ့ပြီး အိမ်ရှင်ဒေါ်မော်မော်အောင်အား အမှု ဖွင့် အရေးယူထားကြောင်း သိရသည်။


အလားတူ မွန်းလွဲ ၂ နာရီခန့်ကလည်း တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ်ရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း အပေါ်ထပ်ရှိ တတိယတန်းအခန်းတွင် မီးလောင်မှုဖြစ်ပွား၍ စာရေးစားပွဲခုံ အချို့ မီးလောင်ကျွမ်းခဲ့ပြီး ထိုမီးလောင်မှုအကြောင်း အရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။


သတင်း-ဇော်ကြီး (ပဏီတ)
ဓာတ်ပုံ-ခင်မောင်ထွေး

No comments:

Post a Comment