Monday, February 1, 2016

တရုတ်နှစ်သစ်ကူးရုပ်/သံအစီအစဉ်တွေမှာ ပါဝင်တင်ဆက်သွားမယ့် PSY


The Mirror Daily's photo.
ဘေဘုတ်ရဲ့ ရောင်းအားအကောင်းဆုံးတေးသီချင်းတွေထဲမှာ နံပါတ် တစ်နေရာကို ရယူခဲ့ဖူးတဲ့ ''Gangnam Style''နဲ့ ''Daddy''တို့ရဲ့တေးသံရှင် "PSY" လာမယ့်တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ရည်ရွယ်ထုတ်လုပ်သွားမယ့် ရုပ်သံလိုင်းသုံးခုရဲ့ အစီအစဉ်သုံးခုတွင် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ယခုလို တရုတ် ရုပ်/သံ မီဒီယာသုံးခုက နှစ်သစ်ကူးအစီအစဉ်လို အထူး အစီအစဉ်တစ်ခုအတွက် ပြည်ပအနုပညာရှင်တစ်ဦးနဲ့ ရိုက်ကူးတင်ဆက် ခဲ့ခြင်းဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၉ ရက်မှာ '' PSY ''ရဲ့ အေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီအန်တာတိန်းမန့်က လတ်တလောမှာ ''PSY''ဟာ တရုတ်နှစ်သစ်ကူးရုပ်/သံအစီအစဉ်သုံးခုအတွက် ရိုက်ကူးရေးလုပ်ငန်းတွေကို အောင်မြင်စွာအဆုံးသတ်နိုင်ရေး ကြိုးပမ်းနေ ကြောင်းနဲ့ ယင်းရုပ်/သံအစီအစဉ်တွေကို တရုတ်ရုပ်/သံလိုင်းတွေဖြစ်ကြတဲ့ "DragonTV" ၊ "JSTV" နဲ့ "LRTV" တို့မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ယင်းရုပ်သံလိုင်းသုံးခုအနက် "LRTV"က "PSY "ရဲ့ အစီအစဉ်ကို ဖေဖော်ဝါရီ ၆ရက်မှာ စတင်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ယင်းအစီ အစဉ်တွင"PSY "က သူ၏နောက်ဆုံးထွက်ရှိထားသော တေးသီချင်းသစ် ''Daddy''ဖြင့် ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကာ ''Gangnam Style''သီချင်းဖြင့်လည်း ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအစီ အစဉ်မှာ ''PSY'' နဲ့အတူ တရုတ်အနုပညာရှင်တွေဖြစ်ကြတဲ့ လန်းလန်းနဲ့ ရှိုးလူတို့ကလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၈ ရက်မှာ '' JSTV ''က ''PSY ''ရဲ့ တေးသီချင်း တွေဖြစ်ကြတဲ့ '' Gangnam Style ''နဲ့ ''Napal Baji '' တို့နဲ့ ဖျော်ဖြေသွားမည် ဖြစ်ကာ ''DragonTV ''က ''Daddy ''နဲ့ ''Dance Jockey ''တေးသီချင်းတွေ ကို ပြန်လည်ရိုက်ကူးဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment