Monday, February 29, 2016

Oppo နည်းပညာ F1 နည်းပညာဈေးကွက်အတွင်း အသုံးတွင်ကျယ်


The Mirror Daily's photo.
Oppo ၏ အသစ်ထွက်မိုဘိုင်းလ်ဖုန်း Oppo F1 ကို အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဈေးကွက်များ အပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၂ဝ ခန့်တွင် 4G နှင့် 3G အမျိုးအစားများဖြင့် မိတ်ဆက်ပေးခဲ့ပြီးဖြစ်ကာ အဆိုပါအချိန်မှစ၍ အွန်လိုင်းမှအမှာစာများကို ရရှိခဲ့ပြီး အင်္ဂလန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံမှ Oppo ပရိသတ်များလည်း ဝင်ရောက်မှာယူခဲ့ခြင်းများလည်းရှိကြောင်းသိရသည်။
အကောင်းဆုံး Selfie ဘုရင်ဟု အမည်ပေးထားသော F1 တွင် ခေတ်မီ ဆန်းပြားသော ဓာတ်ပုံဖန်တီးမှု သတ်မှတ်ချက်တစ်ခုဖြစ်သည့် fh 8 MP အရှေ့ ဘက်ကင်မရာနှင့် သပ်ရပ်လှပသော Selfie ဓာတ်ပုံများ ရိုက်ကူးနိုင်စေရန် ရည်ရွယ်ဖန်တီးထားသည့် နည်းပညာတို့နှင့် Oppo ၏ သပ်ရပ်လှပသော တည်ဆောက်မှုအရည်အသွေး ဒီဇိုင်းတို့ဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်။ ကိုင်ဆောင်အသုံးပြုရာတွင် ပေါ့ပါးမှုရှိစေရန် Oppo F1 ကို ၂၉၉ဝဝဝ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သောကြောင့် တန်ဖိုးပေးရခြင်းနှင့်ညီမျှသည့် စမတ်ဖုန်း တစ်မျိုးဟု ဆိုရမည်ဖြစ်သည်။
Oppo F1 ကို အရည်အသွေးမြင့် Selfie ဓာတ်ပုံများရိုက်ကူးလိုသူများ အတွက် အကောင်းဆုံးပံ့ပိုးမှုများ ပေးနိုင်မည့် နည်းပညာသစ်များထည့်သွင်း တည်ဆောက်ထားသည်။ Oppo F1 တွင် Wide F/2.0 Aperture မှန်ဘီလူး နှင့် ¼-inch Sensor ပါဝင်သော 8 MP အရှေ့ဘက်ကင်မရာပါဝင်သည်။ အဆိုပါ ကင်မရာသည် F/2.4 Aperture မှန်ဘီလူးထက် ကင်မရာအလင်း ဖန်တီးမှုကို ၄၄ ရာခိုင်နှုန်းပိုမိုစေပြီး သာမန် 5 MP အရှေ့ဘက်ကင်မရာထက် ၃ဝ ရာခိုင်နှုန်း ပိုမိုကြည်လင်ပြတ်သားသော ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်သည်။
ထို့အပြင် F1 တွင် Oppo ၏ Beautify 3.0 Feature ကိုထောက်ပံ့ပေး ထားသောကြောင့် မည်သည့်အခြေအနေတွင်မဆို လှပသော Selfie ဓာတ်ပုံ များကို ရိုက်ကူးပေးနိုင်သည်။ အလင်းအားနည်းသောနေရာများတွင် Selfie ဓာတ်ပုံများကို အကောင်းဆုံးရိုက်ကူးနိုင်ရန်အတွက် F1 သုံးစွဲသူများက creen Flash Feature သဘာဝကျသော ရိုက်ချက်များဖြင့် ရိုက်ကူးနိုင်သည်။ Oppo F1 ကို လက်အမူအရာများနှင့် အသံဖြင့်စေခိုင်းမှုတို့ဖြင့် အသုံးပြုကာ Selfie ဓာတ်ပုံများရိုက်ကူးနိုင်သည်။ ကင်မရာ၏အရှေ့ဘက်တွင် လက်ဖဝါး ကာထားခြင်း သို့မဟုတ်သုံးစွဲသူများက ''Cheese!'' ဟု ပြောခြင်းဖြင့်လည်း ပြင်ဆင်သတ်မှတ်ထားနိုင်သော အချိန်အရေအတွက်ဖြင့် ဓာတ်ပုံကိုအလို အလျောက်ရိုက်ကူးနိုင်သည်။
လျင်မြန်သောစွမ်းဆောင်ရည်ကလည်း F1 ၏ အလွန်ကောင်းမွန်သော သုံးစွဲသူအတွေ့အကြုံအတွက် ပိုမိုကောင်းမွန်သည့်အချက်တစ်ခုဖြစ်စေသည်။F1 တွင် Qualcomm Snapdragon 616 series Octa-core ပရိုဆက်ဆာနှင့် 3GB RAM ကို ထောက်ပံ့ပေးထားသည့်အတွက် တစ်ခုထက်ပိုမိုသော လုပ်ဆောင်ချက်များကို လျင်မြန်သွက်လက်စွာ ပြုလုပ်နိုင်သည်။ သိုလှောင်မှု ပမာဏက 16GB ဖြစ်ပြီး 128GB အထိတိုးမြှင့်နိုင်သောကြောင့် ဓာတ်ပုံ အမြောက်အများကို သိမ်းဆည်းနိုင်သည်။
F1 သည် အလွန်ကောင်းမွန်သော Selfie Feature များအပြင် ဓာတ်ပုံ ပညာအတွေ့အကြုံကောင်းများရရှိစေရန် ထောက်ပံ့ပေးထားသည်။F1 တွင် pixel noise လျှော့ချပေးမည့် ISOCELL sensor တစ်ခုနှင့်အတူ 13MP ကျောဘက်ကင်မရာကို အသုံးပြုထားသည်။ အဆိုပါကင်မရာသည် သုည ဒသမ ၁ စက္ကန့်အတွင်း Focus ဖမ်းပေးမည့် Phase Detection Autofocus (PDAF) ကိုလည်း ထောက်ပံ့ပေးထားသောကြောင့် SLR ကင်မရာတစ်လုံး၏ အရည်အသွေးအတိုင်း အသုံးပြုနိုင်သည်။ ထို့အပြင် Shutter ခလုတ်ကိုဖိထားသည့်အခါ ကြည်လင်ပြတ်သားမှုအရှိဆုံး ပုံရိပ်တစ်ခုကို အလိုအလျောက် ရွေးချယ်ပေးမည့် Anti-shake Optimization Feature ကိုလည်း ထောက်ပံ့ ပေးထားသည်။
၎င်းကင်မရာတွင် OPPO ၏ Pure Image 2.0+ camera Platform ကို အသုံးပြုထားသောကြောင့် ဓာတ်ပုံဆရာများမှသည် memo ပြုလုပ်လိုသူများ အထိ မည်သူမဆို အသုံးပြုနိုင်မည့် Filter များနှင့် Plug-in များဖြင့် အသုံးပြု နိုင်သည်။ သုံးစွဲသူများသည် 50MP ဓာတ်ပုံများဖန်တီးပေးနိုင်မည့် Ultra-HD အပြင် Super Macro, HDR, Double Exposure, Slow Shutter, Super GIF စသည့် feature များဖြင့်လည်း ရိုက်ကူးနိုင်သည်။ F1 ၏ အချိုးညီညီ တည်ဆောက်ထားသော အနားစောင်းများကို တိကျသေချာသော တွက်ချက်မှုများဖြင့် ဖန်တီးတည်ဆောက်ထားပြီး လက်ထဲတွင်ကိုင်ဆောင်အသုံးပြုသည့်အခါအမြင်အာရုံကို ဆွဲဆောင်မှုရှိစေသလို အလွန်ကောင်းမွန်သော အတွေ့ အကြုံ ဖြင့် အသုံးပြုနိုင်စေရန်အတွက် မြောက်များစွာသော စမ်းသပ်မှုများဖြင့် ဖန်တီးတည်ဆောက်ထားသည်။
အရောင်တင်လုပ်ငန်းစဉ် ၄ဝ ခန့် ပြုလုပ် ထားသော ဂျပန်နိုင်ငံမှ သတ္တုစပ်ကို ရွေးချယ်ခဲ့ပြီးသည့်နောက် ဒီဇိုင်း ဖန်တီးသူများက F1 ကို သတ္တုပိုးသားကဲ့သို့သော အရာတစ်ခုအဖြစ် ပြုလုပ် နိုင်ခဲ့သည်။F1 တွင် ငါးလက်မ display ကိုအသုံးပြုထားပြီး အထူက ၇ ဒသမ ၂၅ မီလီမီတာမျှသာရှိသည်။ ပါးလွှာမှုကြောင့် အလေးချိန်က ၁၃၄ ဂရမ်ခန့်သာ ရှိသည်။ 2.5D Corning Gorilla Glass 4 က သာမန်ဖန်သားပြင်ထက် နှစ်ဆ ပိုမိုတောင့်တင်းသောကြောင့် OPPO F1 က စင်းရာခြစ်ရာဒဏ်ကို ပိုမိုခံနိုင် ရည်ရှိပြီး အကြမ်းဒဏ်ကိုလည်းခံနိုင်မည်ဖြစ်သည်။ F1 ကို Gold နှင့် Rose Gold ဟူ၍ အရောင်နှစ်မျိုးဖြင့် ရရှိနိုင်သည်။
OPPO ၏ ColorOS ၂ ဒသမ ၁ သည် Android ၅ ဒသမ ၁ ကိုအခြေခံ ထားပြီး F1 ၏ စွမ်းဆောင်ရည်မြင့်မားသော ဘက်ထရီနှင့် အကျိုးရှိရှိအသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ထားသောကြောင့် သုံးစွဲသူများက အရည်အသွေး အလွန် ကောင်းသော ဓာတ်ပုံများကို မနားတမ်းရိုက်ကူးနိုင်သည်။ Screen Self-refresh နည်းပညာပါဝင်သော ColorOS သည် F1 screen ချိန်ညှိမှုကို အလို အလျောက်ပြုလုပ်ပေးနိုင်သောကြောင့် ဘက်ထရီသက်တမ်းကို ပိုမိုကောင်းမွန် စေသည်။ အခြားသော Feature များအနေဖြင့် eye protection mode သုံးမျိုးအပြင် app encryption, security center suite, background clean-up, data and energy saving, screen-off and screen-on command gestures, long screenshot, simple mode တို့ ပါဝင်သည်။
ALEZ - ရေးသားသည်။

No comments:

Post a Comment