Monday, February 29, 2016

ထင်သာမြင်သာပြုပြင်စရာ




ယာဉ်အန္တရာယ်ကင်းရှင်းရေး ဒေသခံများလိုလား


Myanmaalinn's photo.
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ မြို့မဈေးကြီး၏ ပတ်ပတ်လည် လမ်းမကြီးများသည် နေ့စဉ်အနယ်နယ်၊ အရပ်ရပ်မှ ဈေးရောင်း၊ ဈေးဝယ် လာရောက်ကြသည့် သုံးဘီးဆိုင်ကယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဉ် ဈေးဝယ်ထွက်ခွင့်ကားများ၊ ကုန်ကားကြီးများ၊ ဆိုက်ကားများ၊ ဈေးသည်များ ဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိနေပါသည်။
ယခုအခါ မြို့မဈေးကြီး၏မျက်နှာစာတွင် ပျံကျကုန်စိမ်းဈေးနှင့် သုံးဘီး ဆိုင်ကယ်၊ ဌာနဆိုင်ရာ ဈေးဝယ်မော်တော်ယာဉ်များရပ်နားထားသည့် မြေကွက် လပ်နေရာတွင် စည်ပင်ဘဏ်ဆောက်လုပ်ရန်ဟုဆိုကာ ပေ(၁၅ဝx၁၂ဝ)အကျယ်အဝန်းအား သွပ်ပြားများကာရံလိုက်သဖြင့် ပျံကျကုန်စိမ်းဈေးသည် များလည်း ဈေးရောင်းရန်နေရာပျောက်ပြီး လမ်းဘေးရောက်ကုန်ကြသည်။ ယခင်ကားနှင့် သုံးဘီးဆိုင်ကယ်များ ရပ်နားရန် နေရာမရှိတော့သဖြင့် ဈေးလမ်း ပေါ်တွင် အဆင်ပြေသလိုရပ်လာကြသဖြင့် ပျံကျဈေးသည်နှင့်ယာဉ်များ ကြောင့် ဈေးဝယ်လာသူများ ဈေးဝယ်ခြမ်း၍ မကောင်းသည့်အပြင် ယာဉ် အန္တရာယ်ပါစိုးရိမ်လျက်ရှိကြသည်။ ထို့ပြင် အချို့ ဈေးရောင်း/ဝယ်ယာဉ်များက ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ တက်ရောက်ရပ်နားလာကြ၍ ယာဉ်အန္တရာယ် ဖြစ်ပေါ်နိုင်ဖွယ်မြင်တွေ့နေရသဖြင့် မြို့ခံပြည်သူများက သောကမအေးဖြစ်ရကြောင်း သိရသည်။

(ဝ၂၁)

No comments:

Post a Comment