နေပြည်တော် ဖေဖော်ဝါရီ ၂၇
ပင်လယ်သွားတပ်မတော်ဆေးရုံသင်္ဘော(သံလွင်)သည် ဖေဖော်ဝါရီ ၂၅ ရက်မှစ၍
ကိုကိုးကျွန်းရှိ ဒေသခံပြည်သူ များ၊ တပ်မတော်သားမိသားစုဝင်များနှင့်
ဌာနဆိုင်ရာဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိရာ ¤င်းဆေးရုံသင်္ဘောမှ
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ကိုကိုးကျွန်းမြို့နယ်
ပြည်သူ့ဆေးရုံတွင် ဒေသခံပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်မှုအခြေအနေ များကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုပြီး ဆေးကုသမှုခံယူနေကြသော ဒေသခံ ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြား ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
တပ်မတော်ဆေးရုံ သင်္ဘော (သံလွင်)သည် ယနေ့အထိ ကိုကိုး ကျွန်းရှိ ဒေသခံပြည်သူ စုစုပေါင်း ၃၆၆ ဦးကို ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့် ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးမှုအပြင် ဆေးရုံသင်္ဘော(သံလွင်)ပေါ်တွင်လည်း ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ဒေသခံ ပြည်သူများကို ကုသပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

(မြဝတီ)
No comments:
Post a Comment