Tuesday, February 2, 2016

တူရကီဝေဟင်ပိုင်နက် ရုရှားလေယာဉ် ချိုးဖောက်ဝင်ရောက်မှု နေတိုးနှင့်တူရကီရေဒါများက ဖမ်းယူနိုင်ခဲ့ဟုဆို



Myanmaalinn's photo.
အန်ကာရာ ဖေဖော်ဝါရီ ၁

တူရကီဝေဟင်ပိုင်နက်အတွင်း ရုရှားဂျက်လေယာဉ် တစ်စင်း ပိုင်နက်နယ်မြေ ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း တူရကီနှင့် နေတိုးရေဒါများက ဖမ်းယူထားနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ် အာမက်ဒါဗူတိုဂလူက တနင်္ဂနွေနေ့က ပြောဆိုလိုက်သည့်အပေါ် ရုရှားတို့က ယင်းမှာ ဝါဒဖြန့်မှု သာဖြစ်ကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။
ရုရှာှးက- ၃၄ ဂျက်လေယာဉ်တစ်စင်းသည် သတိ ပေးမှုများကြားက တူရကီဝေဟင်အတွင်း ပိုင်နက်နယ်မြေ ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း တူရကီက စနေနေ့တွင် ပြောသည်။ အဆိုပါနှစ်နိုင်ငံသည် ဆီးရီး ယားစစ်ပွဲအတွင်း ပါဝင်လာခြင်းဖြင့် တင်းမာမှုများ အရှိန်မြင့်တက်လာသည်။ သို့သော်လည်း ရုရှားက မည်သည့်ကျူးကျော်မှုမျှမရှိ ကြောင်း ငြင်းဆိုထားသည်။
တူရကီ၏ စွပ်စွဲချက်သည် ဝါဒဖြန့်မှုသာဖြစ်ကြောင်း၊ ရုရှားက မည်သည့်လေယာဉ်မျှ ချိုးဖောက်ဝင်ရောက်ခဲ့ ခြင်းမရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်အီဂေါက ပြောသည်။

(ရိုက်တာ)

No comments:

Post a Comment