Tuesday, February 2, 2016

အီရတ်ပြည်သူ ၁၀သန်းကျော် လူသားချင်းစာနာမှု အရေးပေါ်အကူအညီလိုအပ်နေ



Myanmaalinn's photo.
ဂျီနီဗာ ဖေဖော်ဝါရီ ၁

အိုင်အက်စ်စစ်သွေးကြွတို့၏ စစ်ပွဲကြောင့် လူသားချင်းစာနာမှုအကျပ်အတည်းဆိုင်ရာ များပြားသောရန်ပုံငွေ ကွာဟချက်ကို ဖြည့်ဆည်းနိုင်ရေး အီရတ်သို့ အမေရိကန်ဒေါ်လာ ၈၆၁ သန်း အကူအညီပေးရန် ကုလသမဂ္ဂက တနင်္ဂနွေနေ့တွင် မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။
ဘဂ္ဂဒက်အစိုးရသည် ရေနံဈေးထိုးကျသွားသဖြင့် ဝင်ငွေအခွန်ရရှိမှုမှာလည်း ကျဆင်းသွားခဲ့ကြောင်း၊ အကူ အညီလိုအပ်နေသော လူပေါင်း ၁ဝ သန်းအား အကူအညီပေးရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံ၏ ထက်ဝက်ထက်မနည်းသော ရန်ပုံငွေထူထောင်ပေးရန်လိုကြောင်း ကုလသမဂ္ဂက ပြောသည်။
အီရတ်နိုင်ငံတွင် လာမည့်လများအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်သည် ပိုမိုဆိုးရွား လာဖွယ်ရှိကြောင်း အီရတ်ဆိုင်ရာ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး လိုက်စ်ဂရန့်က ပြော သည်။
အီရတ်တပ်များက အိုင်အက်စ်တို့ထံမှ မြောက်ပိုင်းမြို့တစ်မြို့ကို ထိုးစစ်ဆင်ပြန်သိမ်းချိန်တွင် များပြားလှ သော အရပ်သားများ မိုဆူးလ်မြို့သို့ ထွက်ပြေးကြလိမ့်မည်ဟု ကုလသမဂ္ဂက မျှော်လင့်ထားသည်။

(ရိုက်တာ)

No comments:

Post a Comment