Monday, February 29, 2016

အမှိုက်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်မည့် ပထမဦးဆုံးစက်ရုံ ရွှေပြည်သာမြို့နယ်၌ တည်ဆောက်နေ


Myanmaalinn's photo.
ရန်ကုန် ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံ၌ တစ်ရက်လျှင် တန် ၆ဝ ကျ အမှိုက်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးနိုင်မည့် ပထမဦးဆုံးသော စက်ရုံတစ်ရုံကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လှော်ကားမြေနေရာ၌ တည်ဆောက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြတ်မော်က ပြောကြားသည်။
ရန်ကုန်မြို့မှ ထွက်ရှိသော အမှိုက်မှာ နေ့စဉ်တန် ၁၇ဝဝ ခန့်ရှိ သည်ဟု သိရသည်။ ၄င်းအမှိုက်များ ကို မြို့တော်စည်ပင်သန့်ရှင်းရေးဌာန မှ ရွှေပြည်သာမြို့နယ်ရှိ ကျူချောင်း အမှိုက်ပုံ၊ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကား အမှိုက်ပုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒလမြို့နယ် အမှိုက်ပုံကြီးများဆီသို့ နေ့စဉ်သွားရောက် စွန့်ပစ်နေရသည်။
ယင်း အမှိုက်ပုံကြီးများကြောင့် နေ့စဉ်ထွက်ရှိလာသော ကာဗွန်ဒိုင် အောက်ဆိုက်များ၊ ကမ္ဘာကြီးကို ပူနွေး စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ် လွှတ်မှုနှင့် မြေနေရာအခက်အခဲများ သည် ယနေ့အခါ စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေသည်။
YWTEPP (Yangon Waste to Energy Plant Project ) အရ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှင့်ဂျပန်နိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့၏ သဘောတူညီ မှုအရ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် တင်ဒါအောင်မြင်ခဲ့ သော ဂျပန်နိုင်ငံမှ JFE (Japanese Future Engineering)Co, Operation Agency တို့က ပူးပေါင်း တည်ဆောက်နေခြင်းဖြစ်သည်။
စက်ရုံမှထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အား ကီလိုဝပ် ၇ဝဝ မှ ပိုလျှံ သော ကီလိုဝပ် ၃ဝဝ ကို ရန်ကုန်မြို့ တော်၏ လျှပ်စစ်ဓာတ်အားပေးရာ National Grid Lineအတွင်းသို့ ထည့်သွင်း အသုံးပြုသွားမည်ဖြစ်သည် ဟု သိရသည်။ ယင်းစက်ရုံတည် ဆောက်မှုကို ၂ဝ၁၅ ခုနှစ် အောက်တို ဘာ ၁ဝ ရက်တွင် ပန္နက်တင်မင်္ဂလာပြု ခဲ့ပြီးဖြစ်သည်။ စီမံကိန်းကာလမှာ ၂ဝ၁၇ ခုနှစ် မတ်လတွင် ပြီးစီးမည်ဟု သိရသည်။ စွန့်ပစ်အမှိုက်များမှ ယခု ကဲ့သို့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင် ခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်း နှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုး များ ဖြစ်စေသည့် မီသိန်းဓာတ်ငွေ့နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးသွားနိုင်မည် ဖြစ်သည်။

သတင်း-တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ဓာတ်ပုံ-ကိုကြီးတင်

No comments:

Post a Comment