Monday, February 29, 2016

အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်တွင် ဟီလာရီကလင်တန် မဲအပြတ်အသတ်နိုင်




ဝါရှင်တန် ဖေဖော်ဝါရီ ၂၈


အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးတွင် ပင်မ ရွေးကောက်ပွဲမတိုင်မီ ပါတီကိုယ်စားလှယ် အကြို ရွေးကောက်ပွဲများကျင်းပလျက်ရှိရာ တောင်ကာရို လိုင်းနားပြည်နယ်တွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ၄င်း၏ပြိုင်ဘက် လွှတ်တော်အမတ် ဘာနေးဆန်းဒါးအား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း အင်န်အိတ်ခ်ျ ကေ သတင်းတစ်ရပ်အရ သိရသည်။


နိုဝင်ဘာလတွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ တောင်ကာရိုလိုင်းနားပြည်နယ်ကိုယ်စားပြု ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်က လေးကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်သည်။
ထောက်ခံမဲရရှိမှုတွင် ကလင်တန်က ၇၃ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ပြိုင်ဘက် ဆန်းဒါးက ၂၅ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့သည်။


အားလုံးညီညွတ်မှုရှိပါက မည်သည့်ကြီးမားသော ကိစ္စကိုမဆို လွယ်လင့်တကူ အောင်မြင်မှုရရှိနိုင်မည်ဖြစ် ကြောင်း ကလင်တန်က၄င်းအားထောက်ခံအားပေးသူများ ကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် စာတစ်စောင်ထုတ်ပြန် ခဲ့သည်။
လွှတ်တော်အမတ် ဆန်းဒါးက ၄င်းအား ထောက်ခံသူများသည် မဲဆွယ်စည်းရုံးမှုများကို အစပြုနေ ဆဲသာဖြစ်ကြောင်း၊ ယင်းတို့၏အောက်ခြေလူတန်းစား ဗဟိုပြု နိုင်ငံရေးအယူအဆများသည် ပြည်နယ်တစ်ခုပြီး တစ်ခု ပျံ့နှံ့နေပြီဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း မဲဆွယ်စည်းရုံးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


နယူးဟမ့်ရှိုင်းယားပြည်နယ်တွင် မတူညီမှုများကို လျှော့ချပစ်မည်ဟု မဲဆွယ်စည်းရုံးရေးဆင်းစဉ်က ကတိပြုခဲ့သော ဆန်းဒါးက ကလင်တန်ကို မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။


အမေရိကန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်ရန်ရည်ရွယ်ထားသော ဟီလာရီကလင်တန်က အိုဝါ နှင့် နီဗာဒါပြည်နယ်တို့တွင် မဲအနိုင်ရရှိခဲ့သည်။

ယခု တောင်ကာရိုလိုင်းနားပြည်နယ်တွင် မဲအပြတ်အသတ် အနိုင်ရရှိထားသည့်အတွက် ပြည်နယ် ၁ဝ ခုကျော် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည့် မတ် ၁ ရက်တွင်ကျင်းပမည့် စူပါကျူးစ်ဒေးပါတီကိုယ်စားပြု ကိုယ်စားလှယ်ရွေးကောက် ပွဲတွင် အနိုင်ရရှိရန် အခွင့်အလမ်းများစွာ ရရှိခဲ့သည်။


အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment