Tuesday, February 2, 2016

ရာသီကုန်တွင် ချယ်လ်ဆီးမှ ဂျွန်တယ်ရီထွက်ခွာမည်













The Mirror Daily's photo.






ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီအား ကလပ်အသင်းဘက်မှ စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ခြင်း မရှိသဖြင့် ယခုနှစ်ဘောလုံးရာသီအကုန်တွင် ချယ်လ်ဆီးမှ ထွက်ခွာရန်သေချာသွားပြီဖြစ်ကြောင်း ဘီဘီစီသတင်း ဌာနကဖော်ပြသည်။ အသက်(၃၅)နှစ်ရှိပြီဖြစ်သည့် ဂျွန်တယ်ရီမှာ ချယ်လ်ဆီးသို့ အသက်(၁၄)နှစ်အရွယ် ကတည်းက ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ကလပ်အသင်းနှင့်အတူ ပရီမီယာလိဂ်ဖလားလေးလုံး၊ အက်ဖ်အေဖလား ငါးလုံးနှင့် ချန်ပီယံလိဂ်ဖလားတို့ကိုပါ ဆွတ်ခူးနိုင်ခဲ့သည်အထိ အောင်မြင်မှုရယူနိုင်ခဲ့သူဖြစ်သည်။

ဂျွန်တယ်ရီက ''ကျွန်တော်က ကလပ်အသင်းကို ချစ်မြတ်နိုးသလို ဒီအသင်းကနေ ထွက်ခွာချင်စိတ်မရှိခဲ့ပါဘူး။ ဒါပေမယ့်ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်တွေက ကျွန်တော့်ရဲ့ စိတ်ဆန္ဒတွေနဲ့ အားလုံးဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ပါပြီ''ဟု ပြောကြားခဲ့သည်။ သို့သော် ချယ်လ်ဆီးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ တယ်ရီအား ကလပ်အသင်းဘက်မှ စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ရန် စီစဉ်ထားပြီးဖြစ်သည်ဟု ဆိုခဲ့သည်။

တယ်ရီကမူ အနှစ် ၂ဝ ကျော် ကစားလာခဲ့သည့် ချယ်လ်ဆီးအား သစ္စာစောင့်သိမှုကို ပြသရန်အတွက် အခြားမည်သည့် အင်္ဂလန်ကလပ်အသင်းတစ်ခုကိုမျှ ပြောင်းရွှေ့ကစားမည်မဟုတ်ကြောင်း၊ မော်ရင်ဟိုနေရာတွင် ဂူဟစ်ဒင့်အား အစားထိုးခဲ့ခြင်းက သူ၏ ချယ်လ်ဆီးအသင်းတွင် ဆက်နေချင်သည့် ဆန္ဒအား ဆန့်ကျင်ဘက်ဖြစ်စေခဲ့ကြောင်း၊ ထို့ကြောင့် ချယ်လ်ဆီးတွင်သာ ကစားသမားဘဝကို အဆုံးသတ်ရန်မှာ မဖြစ်နိုင်တော့ကြောင်း ပြောကြားလိုက်သည်။ ချယ်လ်ဆီးတာဝန်ရှိသူများကမူ ဂျွန်တယ်ရီနှင့် စာချုပ်သက်တမ်းထပ်မံတိုးမြင့်မှုကို ယခုထိဆွေးနွေးမှု မပြုနိုင်ခြင်းက လာမည့်လများအတွင်း အခြေအနေတစ်ရပ် ပြောင်းလဲတော့မည်ကို ဦးတည်ခဲ့ကြောင်း၊ သို့သော် ဂျွန်တယ်ရီမှာ ချယ်လ်ဆီးအတွက် အကောင်းဆုံးပေးဆပ်ခဲ့သူဖြစ်သလို လက်ကျန်လအတွင်းတယ်ရီအနေဖြင့် ချယ်လ်ဆီးအား အကောင်းဆုံးနှုတ်ဆက်နိုင်ရန် ကျန်သည့်လုပ်ဖော် ကိုင်ဘက်များမှ ဝိုင်းဝန်းကူညီကြစေလိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
မေလဲ့သင်း - ရေးသားသည်

No comments:

Post a Comment