Tuesday, February 2, 2016

အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းတွေ့ဆုံယှဉ်ပြိုင်ရမည်




The Mirror Daily's photo.


ချယ်လ်ဆီးအသင်းသည် လာမည့်အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွင် ပရီမီယာလိဂ်အင်အားကြီး ပြိုင်ဘက် မန်စီးတီးအသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။ချယ်လ်ဆီးသည် စတုတ္ထအဆင့်တွင် အမ်ကေဒွန်အသင်းအား ငါးဂိုး-တစ်ဂိုးဖြင့် အလွယ်တကူအနိုင်ယူနိုင်ခဲ့ပြီးနောက် ပဉ္စမအဆင့်တွင် မန်စီးတီးအား စတန်းဖို့ဒ်ဘရစ်ခ်ျကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ ပဉ္စမအဆင့်ပွဲစဉ်တွင် လက်ရှိချန်ပီယံအာဆင်နယ်မှာ ဟူးစီးတီးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မန်ယူအသင်းမှာမူ လိဂ်ဝမ်း အသင်းငယ်လေး ရှရစ်ဘယ်ရီတောင်းအသင်းနှင့်သာ တွေ့ဆုံရမည်ဖြစ်သဖြင့် ပွဲအနေအထားချောင်သည်ဟု ယူဆရမည်ဖြစ်သည်။

ယင်းပဉ္စမအဆင့်ပွဲစဉ်များကို လာမည့် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက်အတွင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အခြားထိပ်တိုက်တွေ့ဆုံမည့်အသင်းများကို အောက်ပါအတိုင်းတွေ့ကြရမည်ဖြစ်သည်။

မေလဲ့သင်း - ရေးသားသည်

No comments:

Post a Comment