Tuesday, February 2, 2016

မိုနာကိုတို့အမှတ်ပြည့်ရဦးမယ့် လီဂူး-၁ ပွဲစဉ်(၂၄)


မိုးမြင့်လင်းလက်

ပြင်သစ်လီဂူး-၁ ပွဲစဉ်(၂၄)ကို ဒီ တစ်ပတ်ကြားရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်တွေမှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အသင်းကြီးတွေဖြစ်တဲ့ လိုင်ယွန်နဲ့ မိုနာကိုတို့ အိမ်ကွင်းမှာလက်ခံကစား ရမှာဖြစ်ပြီး အမှတ်အပြည့်ရအောင် ရုန်းကန်ကြရပါဦးမယ်။ ဖလားမျှော် မှန်းနေတဲ့ အသင်းတွေအတွက်တော့ အမှားအယွင်းမဖြစ်အောင် အလေး ထားကစားကြမှာမို့ ဒီတစ်ပတ်ပွဲစဉ် တွေက လက်လွတ်မခံသင့်တဲ့ ပွဲတွေ အဖြစ် အားပေးကြရဦးမှာ ဖြစ်ပါ တယ်။

မိုနာကိုနှင့် ဘက်စ်တီယာ
မိုနာကိုကွင်းမှာ ဒီနှစ်သင်းနောက် ဆုံးနှစ်ကြိမ်တွေ့ဆုံခဲ့မှုကိုကြည့်ရင် တော့ မိုနာကိုတို့ ရှုံးပွဲမကြုံခဲ့ပါဘူး။ ဒါပေမယ့် ဘက်စ်တီယာတို့က အသင်းလိုက် ကစားအားကောင်းတဲ့ အပြင် တစ်ဦးချင်းခြေစွမ်းလည်း မာ ကျောတာမို့ အိမ်ရှင် မိုနာကိုတို့ ပေါ့ ဆဆကစားလို့ မရပါဘူး။ တန်းစီ ဇယား ဒုတိယနေရာမှာ ရပ်တည်နေ တဲ့ မိုနာကိုဟာ ရပ်တည်မှုခိုင်မာဖို့ အတွက် ဒီပွဲမှာ မဖြစ်မနေအနိုင် ကစားပြီး အမှတ်ပြည့်ရယူရေး အာရုံ စိုက်ပါလိမ့်မယ်။

လိုင်ယွန်နှင့် ဘော်ဒိုး
ခြေစွမ်းကောင်းတွေရရှိနေပြီး အခု တစ်လောနိုင်ပွဲတွေဆက်နေတဲ့ လိုင် ယွန်တို့ကတော့ အခုပွဲအိမ်ကွင်းလည်း ဖြစ်နေတာမို့ ဘော်ဒိုးကို အပေါ်စီး က ကစားနိုင်ရေး အားထုတ်ပါလိမ့် မယ်။ မာဆေးကို တစ်ဂိုးစီသရေ၊ ချမ်ဘလီကို နှစ်ဂိုးပြတ်နိုင်ပွဲရထား တဲ့အပြင် ဘက်စ်တီယာကိုလည်း အောင်ပွဲခံထားတဲ့ လိုင်ယွန်ဟာ အောင်ပွဲခံစိတ်ဓာတ် ဆူဝေနေတာမို့ ဘော်ဒိုးတို့မလွယ်ပါဘူး။ ဒါပေမယ့် ဘော်ဒိုးက အဝေးကွင်းတွေမှာ အနိမ့် ဆုံးသရေရလဒ်ကို ဆောင်ကြဉ်းနိုင် တာမို့ ဒီပွဲဟာ သရေရလဒ်လည်း ထွက်ပေါ်သွားနိုင်ပါတယ်။

မောင့်ပယ်လီယာနှင့် မာဆေး
ပုံမှန်ခြေစွမ်းရအောင် အားထုတ် နေရတဲ့ မာဆေးအတွက်တော့ တန်း ဆင်းဇုန်အတွင်း ကျရောက်နေတဲ့ မောင့်ပယ်လီယာနဲ့တွေ့ဆုံမှုကို အခွင့် အရေးကောင်းတစ်ရပ်အဖြစ် အသုံး ချနိုင်မလား ကြည့်ရမှာဖြစ်ပါတယ်။ မာဆေးဟာ မောင့်ပယ်လီယာနဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံခဲ့မှုရလဒ်ကို ကြည့်ရင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးထားပါတယ်။ မောင့်ပယ်လီ ယာရဲ့ တန်းဆင်းဇုန်ရုန်းထွက်အား ကြောင့် မာဆေးတို့ တစ်မှတ်နဲ့ ကျေနပ်ရကိန်း ဆိုက်သွားနိုင်ပါ တယ်။

လိုင်လီနှင့် ကိန်း
တန်းစီဇယားမှာ အပေါ်အောက် အနေအထားနဲ့ ရပ်တည်နေတဲ့ ဒီ နှစ်သင်းဟာ ခြေရည်လည်းကွာဟမှု မရှိတာမို့ ကြည့်ကောင်းမယ့်ပွဲဖြစ်ပါ တယ်။ လိုင်လီဟာ ကိန်းနဲ့ နောက်ဆုံး ငါးပွဲတွေ့ဆုံခဲ့မှုရလဒ်ကိုကြည့်ရင် လိုင်လီတို့က လေးပွဲနိုင်ပြီး သရေ တစ်ပွဲဖြစ်ထားပါတယ်။ လိုင်လီဟာ အိမ်ကွင်းအားထုတ်မှုကောင်းပေ မယ့် တုံ့ပြန်မှုကောင်းတဲ့ ကိန်း ကြောင့် အမှတ်ခွဲယူကိန်း ဆိုက်သွား နိုင်ပါတယ်။

နိုက်စ်နှင့် တူးလော့
ခြေစွမ်းကောင်းတွေပြသနေတဲ့ နိုက်စ်တို့က တန်းစီဇယား တတိယ နေရာအထိ ရောက်ရှိနေတဲ့အသင်း ဖြစ်ပါတယ်။ တူးလော့ရဲ့ အားထုတ် မှုက အဝေးကွင်းဆိုရင် ရှုံးပွဲတွေ ဆက်နေတာမို့ အခုပွဲမှာ နိုက်စ်တို့ အခွင့်အရေးကောင်းတွေ ဖန်တီးပြီး နိုင်ပွဲဆက်အောင် စွမ်းဆောင်ပါ လိမ့်မယ်။ အကြိုက်က နိုက်စ်ဖြစ်ပြီး အနိုင်ဆိုတာလည်း အိမ်ရှင်အတွက် ပဲဖြစ်သွားပါလိမ့်မယ်။

နန့်တက်နှင့် ဂါဇီလက်
အိမ်ကွင်းမှာ ခြေစွမ်းပြတတ်တဲ့ နန့်တက်ဟာ အခုပွဲကို ဖိဖိစီးစီးနဲ့ နိုင်ပွဲရအောင် ကြိုးစားပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲ တွေ့ဆုံ မှုကိုကြည့်ရင် တစ်ပွဲစီအနိုင်ရထားကြ ပြီး သရေတစ်ပွဲဖြစ်ထားပါတယ်။ အခုပွဲမှာ နှစ်သင်းစလုံးခြေကုန်ဖွင့် ကစားကြမှာဖြစ်တာမို့ လက်ရှိခြေ စွမ်းပိုင်းကောင်းမွန်နေတဲ့ နန့်တက် ကို သဘောကျပေမယ့် ဖြစ်ဖို့များတာ က သရေရလဒ်ပါပဲ။

No comments:

Post a Comment